ထီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ ကျင်းပပြုလုပ်

 

ထီးလင်း၊ ​အောက်​တိုဘာ ၇

မ​ကွေးတိုင်း​ဒေသကြီး ထီးလင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ အခမ်းအနားကို ယ​မန်နေ့နံနက်​ ၉ နာရီအချိန်​က မြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​​ကြောင်း သိရသည်​။
အခမ်းအနားကို အစီအစဉ်​ ၃ ခုခွဲ၍ ကျင်းပကြပြီး မြို့နယ်​ပါတီဥက္ကဌ ဦးခင်​​မောင်​​ဌေးက အဖွင့်​အမှာစကား ​ပြောကြားခဲ့ပါသည်​။ ဆက်​လက်​၍ အစုအဖွဲ့များခွဲ၍ နှီး​နှောဖလှယ်​ပွဲတွင်​ တင်​သွင်းမည့်စာတမ်းများနှင့်ပတ်​သက်​ပြီး ​ဆွေး​နွေးခြင်း၊ မှတ်​တမ်းတင်​ခြင်း၊ ​ဆွေး​နွေးဖတ်​ကြားခြင်း၊ ​ဆွေး​နွေးတင်​သွင်း​သော စာတမ်းများအ​ပေါ် သဘာပတိမှ မှတ်​တမ်းတင်​ခြင်း၊ အတည်​ပြုခြင်းနှင့် ​ရှေလုပ်​ငန်းများချမှတ်​ခြင်းတို့ကို
ဆောင်​ရွက်​ကြပြီး​နောက်​ မြို့နယ်​ပါတီဥက္ကဌမှ နိဂုံးချုပ်​အမှာစကား ​ပြောကြားကာ မွန်းလွဲ ၂ နာရီအချိန်​တွင်​ အခမ်းအနားကို ပြည်​ခိုင်​ဖြိုး​ဟေ့သီချင်းသံပြိုင်​သီဆို၍ ပြီး​မြောက်​ခဲ့​ကြောင်းနှင့်​ အခမ်းအနားသို့ မြို့နယ်​ပါတီဥက္ကဌ ဦးခင်​​မောင်​​ဌေးနှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်​ရွှေရည်​ဝင်းနှင့် အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များ ၊ ပါတီဝင်