မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကျေးရွာအုပ်စုပါတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 

မိုးမိတ် စက်တင်ဘာ ၆

မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမြင့်သည် ခရိုင်ဘဏ္ဍာရေးမှူး ဦးစောဦး၊ မြို့နယ်ကော်မတီဝင် ဦးမြသောင်း၊ ဦးတိုးတို့နှင့်အတူ ယမန်နေ့က လက်ခုတ်ပင် ကျေးရွာသို့သွားရောက်ပြီး အုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖတို့က ရေပူအင်းကျောင်း အဆင့်တိုးမြှင့်ရေးကိစ္စ ညှိနှိုင်းဆွေးနွေး ခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌက သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လွင်(မဘိမ်း)