ပခုက္ကူ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးရေးရာညီလာခံအားကြိုဆို

 

ပခုက္ကူ ၊ စက်တင်ဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ (ဗဟို) အမျိုးသမီးရေးရာညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း ဦးဆောင်၍ ပခုက္ကူမြို့နယ် ကမ္မမြို့ရှိ ကမ္မတိုက်နယ် ပါတီရုံးတွင် စက်တင်ဘာ (၂၅) ရက်နေ့နေ့လည်ပိုင်းတွင် ကမ္မတိုက်နယ်ရှိ ကျေးရွာအုပ်စု (၁၄) အုပ်စုမှ ပါတီဝင်အမျိုးသမီးထုတို့ တွေ့ဆုံပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ခရိုင်ပါတီကော်မတီဝင်များ ပခုက္ကူမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ကမ္မတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌများကျေးရွာအုပ်စု အသီးသီးက ပါတီဝင်အမျိုးသမီးရေးရာကော်မတီဝင်
အမျိုးသမီးထု စုစုပေါင်းအင်အား (၁၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ခရိုင်ပါတီကော်မတီဝင် ကမ္မတိုက်နယ် စည်းရုံးရေးကော်မတီအဖွဲ့ခေါင်းဆောင် ဦးဗိုလ်မြင့်မှ ကမ္မတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု ကျေးရွာခွဲများအထိ ရေးရာကော်မတီများ စည်းရုံးဖွဲစည်းထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပခုက္ကူမြို့နယ်ပါတီအတွင်းရေးမှူး ဦးဆွေလင်းက ပါတီဝင်အမျိုးသမီးထုနှင့်တွေ့ဆုံခြင်းနှင့်ပါတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပခုက္ကူမြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ကြည်သိန်းဦး က မြို့နယ်အမျိုးသမီးရေးရာနှီးနှောဖလှယ်ပွဲ ကျင်ပနိုင်ရေးအတွက် စီစဉ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ကမ္မတိုက်နယ်မှ အမျိုးသမီးရေးရာကော်မတီဝင်များကေ ကျးရွာအုပ်စု (၁၄) အုပ်စုကိုယ်စား မြို့နယ်အမျိုးသမီးနှီးနှောဖလှယ်ပွဲသို့ တက်ရောက်မည့်အမျိုးသမီးကိုယ်စားလှယ် (၁၈) ဦှး အမည်စာရင်းအား ဖတ်ကြားတင်ပြရာ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်တင်ခိုင်မှ လက်ခံအတည်ပြုကြေငြာပေးခဲ့ပါသည်။
မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းအေးက ပါတီလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ပါတီဝင်အသစ်များ ဆက်လက်စည်းရုံးဆောင်ရွက်ရန် ရှင်းလင်းတင်ပြဆွေးနွေခဲ့ပါသည်။
ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းက ယနေ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေပြည်ခိုင်ဖြိုးပါတီအနေဖြင့် စည်းရုံးရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက် ရေး ပါတီတွင်စည်းလုံးညီညွတ်ရေးနဲ့ စည်းရုံးရေးလုပ်ငန်းများကို၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ မြို့နယ်ပါတီကော်မတီက စီမံချက်များ စနစ်တကျရေးဆွဲပြီး၂၀၂၀တွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရေးအတွက် ယခုမှစ၍ အောင်စိတ်မွေးပြီး စည်းရုံးဆောင်ရွက်သွားကြပါရန် နိဂုံးချုပ်လမ်းညွှန်မှာကြားခဲ့ပါကြောင်းတင်ပြအပ်ပါသည်။