ဒီမိုကရေစီတွင် ပြည်သူ၏ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကြံခင်းပါတီရုံးခန်းမတွင် ကျင်းပ

ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် Myanmar Egress Capacity Development Center တို့ ပူးပေါင်းဖွင့်လှစ်သော ဒီမိုကရေစီတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲကို အောကိတိုဘာလ (၆) ရက်နှင့် (၇) ရက်နေ့တို့တွင် မြို့နယ်ပါတီရုံးစုဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

kyan-khin

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာများဖြစ်သော ဦးဥာဏ်လင်းအောင်နှင့် ဦးနော်မန်တို့က ဒီမို ကရက်တစ် အင်စတီကျူးရှင်းများအကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း အကြောင်း၊ ရွေးကောက်ပွဲစနစ်များအကြောင်းတို့ကို ဆွေးနွေးဟောပြောရာ သင်တန်းတက်ရောက်လာကြသူများ က စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ကြံခင်းမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၃၅အုပ်စုမှ သင်တန်းသား သင်တန်းသူ ၆၅ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

Union daily


Leave a Reply