လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လားရှိုး အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ လားရှိုးအခြေပြု ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီအဖွဲ့များ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကိုပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ဗဟိုအလုပ်မှုဆောင်ဦးအောင်သူ၊ ပြည်နယ်ဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ ပြည်နယ် အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ် ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်နှင့်ပြည်နယ်၊ ခရိုင် မြို့နယ် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

သိန်းနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး

သိန်းနီ ဩဂုတ် ၁၈

သိန်းနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို သိန်းနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်ခမ်းကော်၊ လားရှိုးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးတန်ဂွန်း၊ အတွင်းရေးမှူး ဦးသန်းစိုး၊ ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေ တို့ တက်ရောက်ခဲ့ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ဝန်ထမ်းရေးရာဆိုင်ရာ ကိစ္စရပ်များ၊ ကဏ္ဍကြီးရေးရာများအလိုက် မြို့နယ်ပါတီ တာဝန်ခံများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနိုင်းဆွေးနွေးခဲ့ပါသည်။

ကျေးရွာအဝင်လမ်းခင်းရာတွင် လိုအပ်နေသော ဘိလပ်မြေ(၅၀)အိတ်ဝယ်ယူနိုင်ရန်အတွက် အလှူငွေ လှူဒါန်း

ကျောက် မဲ ဩဂုတ် ၄

ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအုပ်စု ၊ ကုန်းစုံကျေးရွာ၊ ရွာအဝင်လမ်းခင်းရန်အတွက် ကျောက်မဲခရိုင် ပါတီခရိုင်ဥက္ကဌ ဦးသန်းထိုက်ဇော်၊ ကော်မတီဝင်ဦးခင်ဇာမောင်၊ ဒေါ်ခင်စောအေး၊ မြို့နယ်ပါတီဥက္ကဌ ဦးလှတင်၊ ဘဏ္ဏာရေးမှူး ဒေါ်ဖြူဖြူမြင့်နှင့် ကျေးရွာပါတီဝင်များတို့မှ ကျေးလက်လမ်းဖြစ်မြှောက်ရေးကော်မတီ၊ ကျေးရွာအုပ်စု ဥက္ကဌ ဦးချစ်သိန်းထံသို့ ဘိလပ်မြေအိတ်(၅၀)အတွက် ကျသင့်ငွေ(၃၅၀၀၀၀)ကျပ်အား လှူဒါန်းခဲ့ကြပါသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

တန့်ယန်း ဇူလိုင် ၂၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌  ပြည်နယ် ၊ ခရိုင်၊ မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။

 


နဝကမ္မဝတ္ထုငွေနှင့်ဆေးဝါးလှူဒါန်း

လားရှိုး ဇူလိုင် ၂၇

ရှမ်းပြည်နယ်မြောက်ပ်ုင်း လားရှိုးမြို့ နတ်မောက်ရွှေဥယဉ်တောရကျောင်းတွင် သီတင်းသုံးနေသော ကမ္မဋ္ဌာနာစရိယ ကျောင်းထိုင် ဆရာတော် ကျန်းမာရေးအတွက်ဆေးကုသရန်ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ခရိုင်ဘဏ္ဍာရေးမှူး ဦးဆောင်၍ ပါတီဝင်များမှ နဝကမ္မဝတ္ထုငွေနှင့် လိုအပ်သော ဆေးဝါးအချို့ကို

ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။


ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား သွားရောက်လှူဒါန်း

မန်တုံ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ အမှတ်( ၁)ရပ်ကွက် အောင်ချမ်းသာ (မန်တောက်)ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ပညာသင်ကလေးများနှင့်ဆရာ/ဆရာမများ ရဟန်း သံဃာတော်များနှင့် ရှင်သာမဏေများ သီလရှင်များ စုစုပေါင်း (၃၆၄)ဦးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆန်(၁၀)အိတ်၊ မန်တုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆီ (၂ )ပုံး အိုင်အိုဒင်းဆား (၂)အိတ်တို့ကို ပြည်နယ်ပြည်ခိုင်ဖြိုးပါတီကိုယ်စား  မန်တုံမြို့နယ်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

လာရှိုးမြို့နယ်အတွင်းရှိ လူမှုရေးပရဟိတအဖွဲ့များအား တွေ့ဆုံ၍ အလှူငွေများ ထောက်ပံ့လှူဒါန်း

လားရှိုး ဇူလိုင် ၂၃

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းတွင် ပရဟိတ လူမှု့ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ကိုင် ဆောင်ရွက်လျှက်ရှိသော ပရဟိတ လူမှု့ရေးအသင်းများအား တွေ့ဆုံဂုဏ်ပြု နေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည့် အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် စနေနေ့ မနက် ၁၁ နာရီ၌ ရှမ်းပြည်နယ် မြောက်ပိုင်း  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပခဲ့ရာ ပရဟိတအသင်း (၇) သင်း နှင့် ကိုယ်စားပြု တာဝန်ခံ (၃၄)ဦး တက်ရောက်ခဲ့ရာ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ပါတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။

ဒုတိယအကြိမ်(၃)လပါတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လားရှိုး ဇူလိုင် ၂၁

၂၀၂၂ ခုနှစ် ဇုလိုင် ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ်(၃)လပါတ် လုပ်ငန်းညှိနိုင်းအစည်းအဝေး ပထမနေ့ကို ရှမ်းပြည်နယ်  မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံး၌ ကျင်းပခဲ့ပါသည်။

အာရုဏ်ဆွမ်းလောင်းလှူ၍ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

လားရှိုး ဇူလိုင် ၁၂

ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊ လားရှိုးမြို့ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေ နှင့် ၊ ရပ်ကွက်(၁) ရပ်ကွက်စည်းရုံးရေးမှူးများဦးဆောင်၍ သံဃာအပါး (၇၀) ကျော်တို့အား အာရုံဆွမ်းလောင်းလှူပြီး ဝါဆိုသင်္ကန်းများဆပ်ကပ်ခဲ့ကြောင်းသိရပါသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လားရှိုး ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၊ လားရှိုးခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ခရိုင်ပါတီရုံးတွင် ကျင်းပခဲ့သည်။ ပါတီလုပ်ငန်းစဉ်များနှင့်ပက်သက်၍ ခရိုင်ပါတီဥက္ကဋ္ဌဦးတန်ဂွန်း၊ အတွင်းရေးမှူး ဦးသန်းစိုး၊ ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေတို့က ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။