လာရှိုးမြို့နယ်အတွင်းရှိ လူမှုရေးပရဟိတအဖွဲ့များအား တွေ့ဆုံ၍ အလှူငွေများ ထောက်ပံ့လှူဒါန်း

လားရှိုး ဇူလိုင် ၂၃

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းတွင် ပရဟိတ လူမှု့ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ကိုင် ဆောင်ရွက်လျှက်ရှိသော ပရဟိတ လူမှု့ရေးအသင်းများအား တွေ့ဆုံဂုဏ်ပြု နေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည့် အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် စနေနေ့ မနက် ၁၁ နာရီ၌ ရှမ်းပြည်နယ် မြောက်ပိုင်း  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပခဲ့ရာ ပရဟိတအသင်း (၇) သင်း နှင့် ကိုယ်စားပြု တာဝန်ခံ (၃၄)ဦး တက်ရောက်ခဲ့ရာ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ပါတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။

တက်ရောက်လာသော ပရဟိတအဖွဲ့များအား P.P.E, ဝတ်စုံများ၊ Mask နှင့် ထောက်ပံ့အလှူငွေများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် ပရဟိအဖွဲ့ဝင်များအား နေ့လည်စာဖြင့် တည်ခင်းဂုဏ်ပြုခဲ့ကြောင်း သိရပါသည်။