ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်

 

ကွမ်းလုံ၊ မတ် လ ၆ ရက်

နွေရာသီအားကစားသင်တန်းတွင် ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ မြို့နယ်အား/ကာ၏ တာဝန်ပေးချက်အရ ဘောလုံးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်

 

(၂၇-၂-၂၀၁၈) ရက်နေ့ ညနေ(၃) နာရီအချိန် ကျောက်မဲမြို့ မိုးလုံလေလုံ အားကစားရုံ၌ နွေရာသီအားကစားသင်တန်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော ၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ ခြင်းလုံး၊ လက်ဝှေ့၊ အားကစားသင်တန်းများဖွင့်ပွဲ ကျင်းပပြုလုပ်ပါသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းတွင် ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ဇာမောင်သည် မြို့နယ်အား/ကာ၏ တာဝန်ပေးချက်အရ ဘောလုံးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။ သင်တန်းတွင် သင်တန်းသား (၁၉၅) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်အတွင်းရေးမှူးနှင့်အဖွဲ့ သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာကိစ္စရပ်များ မီဒီယာကိစ္စရပ်များ ဆွေးနွေး

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီတွင်တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်

 

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း ဘဏ္ဍာရေးမှူးဦးစိုင်းခမ်းကော် ပြည်နယ်ကော်မတီဝင်ဦးခင်မောင်ချိုတို့ပါဝင်သောပြည်နယ်အဖွဲ့သည်ကျောက်မဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ၂၀၁၈ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်ကကျောက်မဲမြို့နယ်ပါတီတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်းမှအဖွင့်အမှာစကားပြောကြားခဲ့သည် ။

ဆက်လက်၍ပြည်နယ်လူငယ်ရေးရာတာဝန်ခံဦးစိုင်းခမ်းကော်မှပါတီလူငယ်ရေးရာကိစ္စရပ်များ မီဒီယာကိစ္စရပ်များကို ဆွေးနွေး ကျင်းပပြုလုပ်ခဲ့ပြီး ၂၅- ၂ – ၂၀၁၈ ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်သည့် နိုင်ငံရေးပါတီ ( ၂၁ ) ပါတီတွေ့ဆုံပွဲမှကောက်နုတ်ချက် ၇ ချက်ကိုဖတ်ကြားခဲ့သည် ။

မိုးမိတ်ခရိုင်တွင် စိုက်ပျိုးရေရရှိရေး ပြည်ခိုင်ဖြိုးပါတီညှိနှိုင်းဆောင်ရွက်ပေး

 

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်လွင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဦးစိုင်းမောင်မောင်ကျော် တို့သည် ယမန်နေ့နံနက် ၁ဝ နာရီက မလှိုင်ကုန်းကျေးရွာအုပ်စု မလှိုင်ကုန်းကျေးရွာသို့ရောက်ရှိပြီး တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍် လယ်ကြီးကွင်းရှိရေသောက် ဧရိယာဧက ၅၄ဝ ရေရရှိ ရေးအတွက် ရေးသွင်းမြောင်းတူးဖော်ရေးကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာလူငယ်အမျိုးသမီးရေးရာအဖွဲ့နှင့်တွေ့ဆုံ

 

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်လှိုင်၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူးဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင်       ဦးခင်မောင်ရွှေနှင့်ဦးကံရွှေတို့သည်ယမန် နေ့ မွန်းတည့် ၁၂ နာရီက မဘိမ်း မြို့နယ် ဘဟဲကျေးရွာအုပ်စု အခြေ စိုက်စခန်းတွင် ကျေးရွာလူငယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် သွားရောက်  တွေ့ဆုံခဲ့ကြသည်။

သိန္နီပြည်ခိုင်ဖြိုးပါတီမှ စစ်ဘေးရှောင်ပြည်သူများထံသို့ ထောက်ပံ့ကျေး ပေးအပ် လှူဒါန်း

 

(၇-၂-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် သိန္နီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုင်းစံအေး၊ အတွင်းရေးမှူး ဦးစိုင်းစံအေး၊ စေတနာရှင်လူငယ်အဖွဲ့များနှင့်အတူ ကောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော ကွတ်ခိုင်မြို့နယ် ဆိုင်းခေါင်ရွာမှ စစ်ဘေးရှောင်ပြည်သူ(၁၅၈)ဦးတို့အား ငွေကျပ်တန်ဖိုး (၂၀၁၅၀၀ိ/-)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

အဆိုပါ စစ်ဘးရှောင်ပြည်သူများတွင် မူလတန်းကလေးငယ် ကျောင်းသား(၁၈)ဦးပါဝင်ကြောင်း သိရသည်။

credit >>> အယ်လ်နန်ဆိုင်း အယ်လ်နန်ဆိုင်း

ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ ပါတီရေးရာကဏ္ဍအလိုက်နှီးနှောဖလှယ်ပွဲ ကျင်းပ

 

ယမန်နေ့(5 – 2 -2018) နေ့လည်( ၁)နာရီ အချိန်တွင် ကျောက်မဲမြိြု့ ပည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးတွင် ပါတီရေးရာကဏ္ဍအလိုက်နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ် ပါ
သည်။

ရှေးဦးစွာ ပါတီဝင်များအားလုံး နိုင်ငံတော်သီချင်းသီဆို၍နိုင်ငံတော်အလံအားအလေးပြုပြီး အခမ်းအနားစတင် ဖွင့်လှစ်ပါသည်။ ထို့နောက် ကျောက်မဲခရိုင်ပါတီဥက္ကဌ ဦးဝင်းမြင့်မှ အဖွင့်အမှာ စကားပြောကြားပြီး ကျောက်မဲမြို့နယ်တာဝန်ခံ ခရိုင်ကော်မတီဝင် ဦးကောင်းစိန်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။

သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လပါတ်​အစည်းအ​ဝေးကျင်းပ

 

သီ​ပေါမြို့နယ်​ ပြည်​​ခိုင်​ဖြိုးပါတီ၏ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို (၆.၂.၂၀၁၈)ရက် ​နေ့လည် ၀၉း၃၀ အချိန်​က ကျင်းပရာ ပြည်​နယ်​၊ ခရိုင်​၊မြို့နယ်​ ပါတီနှင့် ရပ်/ကျေးပါတီ အဖွဲ့ဝင်​များ တက်​​ရောက်​ကြပါသည်​။