ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား သွားရောက်လှူဒါန်း

မန်တုံ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ အမှတ်( ၁)ရပ်ကွက် အောင်ချမ်းသာ (မန်တောက်)ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ပညာသင်ကလေးများနှင့်ဆရာ/ဆရာမများ ရဟန်း သံဃာတော်များနှင့် ရှင်သာမဏေများ သီလရှင်များ စုစုပေါင်း (၃၆၄)ဦးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆန်(၁၀)အိတ်၊ မန်တုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆီ (၂ )ပုံး အိုင်အိုဒင်းဆား (၂)အိတ်တို့ကို ပြည်နယ်ပြည်ခိုင်ဖြိုးပါတီကိုယ်စား  မန်တုံမြို့နယ်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ သွားရောက်လှူဒါန်းခဲ့ပါသည်။