လောက်ကိုင်ခရိုင်နှင့် ကွမ်းလုံခရိုင်ပါတီများ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ပွဲများ ကျင်းပပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ခရိုင်နှင့် ကွမ်းလုံခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းရေး အခမ်းအနားများ ကိုကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

လောက်ကိုင်ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီ ပြင်ဆင် ဖွဲ့စည်းရေးအခမ်းအနားကို ဇူလိုင်လ (၂၂) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး ခရိုင်ပါတီကော်မတီအား ပြန်လည်ရွေးချယ်ဖွဲ့စည်းရာ ခရိုင်ပါတီဥက္ကဋ္ဌ အဖြစ် ဦးခင်မောင်လွင်၊ အတွင်းရေးမှူးအဖြစ် ဦးလျိုမောင်မာင်၊ ဘဏ္ဌာရေးမှူး အဖြစ် ဦးရင်မာစန်း တို့အားရွေးချယ်အတည်ပြု၍ ခရိုင်ပါတီကော်မတီ၊ အရန်ကော်မတီများကို ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့သည်။

ရှမ်း(မြောက်) ပြည်ခိုင်ဖြိုး ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုလပြည့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းနှင့် (၆၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲကို ဇူလိုင်လ (၁၉) ရက် နံနက်ပိုင်းက လားရှိုးမြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

13659074_1039366382814719_2439964562698837526_n

USDP Shan – North 


 

သီပေါမြို့နယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးက ပါဝင်ဆင်နွှဲ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝေဟင်ဓာတုဓမ္မ စေတီတော်မြတ်ကြီးတွင် (၈) ကြိမ်မြောက် သီပေါမြို့လုံးကျွတ် သီလရှင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ဇူလိုင်လ (၁၂) ရက် မွန်းလွဲ (၂) နာရီအချိန်က ကျင်းပရာ သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်အောင် ဦးစီးသော မြို့နယ်ပါတီကော်မတီများ၊ စည်းရုံးရေးမှူးနှင့် ပါတီဝင်များ၊ ပါတီရုံးဝန်ထမ် များမှ သိီလရှင် (၄၁၅) ပါးအတွက် ဆွမ်းဆန် (၅ )အိတ် လောင်းလှူခဲ့ကြသည်။

THiBaw3

(more…)


ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ (၄) ခရိုင်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပပြီးစီး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၆) ခရိုင်ရှိရာတွင် ကျောက်မဲခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၄) ရက်တွင်လည်းကောင်း၊ မိုးမိတ် ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၆) ရက်တွင်လည်းကောင်း၊ လားရှိုးခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၈) ရက်တွင် လည်းကောင်း၊ မူဆယ်ခရိုင်ပါတီ မျက်နှာစုံညီ အစည်းအဝေးများကို ဇူလိုင် (၁၀) ရက်တွင်လည်းကောင်း အောင်မြင်စွာ ကျင်းပပြီးစီးပြီး ခဲ့ကြောင်း သိရသည်။

SKK5

(more…)


မူဆယ်ခရိုင်ပါတီ မျက်နှာစုံညီနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနား ကျင်းပပြီးစီး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၁၀) ရက် နံနက် (၁၀) နာရီ အချိန်က မူဆယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပပြီးစီးခဲ့ပြီး အခမ်းအနားတွင် ခရိုင်ပါတီ ကော်မတီ အား ပြန်လည်ရွေးချယ်ဖွဲ့စည်းရာ ခရိုင်ပါတီကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးစိုင်းမောင်လှိုင်၊ ခရိုင်ပါတီ အတွင်းရေးမှူးအဖြစ် ဦးမိုင်းမြတ်အောင်နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းအိုက်ပေါင်းတို့အား ရွေးချယ် ခဲ့ကြောင်း သိရသည်။

လားရှိုးခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်း

Lae Show6

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင် (၈) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး လားရှိုးခရိုင်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးတန်ဂွန်း၊ ခရိုင်ပါတီ အတွင်းရေးမှူးအဖြစ် ဦးစိုးဝင်းနှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးသန်းစိုးတို့အား ရွေးချယ်၍ ခရိုင်ပါတီ ကော်မတီအား ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

သီပေါပြည်ခိုင်ဖြိုးပါတီမှ ဆေးကုသမှုခံယူနေသော ဝေဒနာရှင်များနှင့် တာဝန်ကျ ဆရာ၊ ဆရာမ များအား အာဟာရဒါနပြု

Thi Baw3

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင် နှင့် ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းထားရှိသော ဖြိုးစေတနာရှင် လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းရန်နိုင်အေး၊ မြို့နယ်ပါတီကော်မတီဝင် ဦးရန်မြင့်ဝေတို့ ဦးဆောင်သော လူမှုကူညီရေး အဖွဲ့သည် ဇူလိုင်လ (၁၁) ရက် နံနက် (၆) နာရီခွဲအချိန်က သီပေါမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ဝေဒနာရှင်များနှင့် တာဝန်ကျ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများအား နွားနို့ နှင့် ပေါင်မုန့်၊ ကိတ်မုန့် အစရှိသည့် အာဟာရများ ဒါနပြု လှူဒါန်း ကျွေးမွေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် အစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်နှင့် ကျေးရွာ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ (၁၀)ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်အချိန် က သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း ၀းခန်းမတွင်ကျင်းပခဲ့သည်။

THi Paw2

(more…)


မိုးမိတ်ခရိုင်ပါတီ မျက်နှာစုံညီစည်းဝေးနှင့် ခရိုင်ကော်မတီပြန်လည်ရွေးချယ်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည် ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၆) ရက်က ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး နှင့် ကျောက်မဲခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့် တို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

KMM5 KMM6

(more…)


မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ကျောင်းသား/သူများ အတွက် စာရေးကိရိယာများ လှူဒါန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ ဇူလိုင်လ (၄) ရက် နံနက် (၉) နာရီအချိန်က မဘိမ်းမြို့နယ် လဝါရွာ အလကခွဲရှိ ကျောင်းသား၊ ကျောင်းသူ (၁၈၃) ဦး၊ မူကြိုကျောင်းသား ကျောင်းသူ (၂၂) ဦးတို့အတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် (၅၇) ဒါဇင်နှင့် ဘောပင် (၁၈၃) ချောင်း တို့အား သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။