မိုးမိတ်ခရိုင်တွင် စိုက်ပျိုးရေရရှိရေး ပြည်ခိုင်ဖြိုးပါတီညှိနှိုင်းဆောင်ရွက်ပေး

 

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်လွင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဦးစိုင်းမောင်မောင်ကျော် တို့သည် ယမန်နေ့နံနက် ၁ဝ နာရီက မလှိုင်ကုန်းကျေးရွာအုပ်စု မလှိုင်ကုန်းကျေးရွာသို့ရောက်ရှိပြီး တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍် လယ်ကြီးကွင်းရှိရေသောက် ဧရိယာဧက ၅၄ဝ ရေရရှိ ရေးအတွက် ရေးသွင်းမြောင်းတူးဖော်ရေးကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာလူငယ်အမျိုးသမီးရေးရာအဖွဲ့နှင့်တွေ့ဆုံ

 

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်လှိုင်၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူးဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင်       ဦးခင်မောင်ရွှေနှင့်ဦးကံရွှေတို့သည်ယမန် နေ့ မွန်းတည့် ၁၂ နာရီက မဘိမ်း မြို့နယ် ဘဟဲကျေးရွာအုပ်စု အခြေ စိုက်စခန်းတွင် ကျေးရွာလူငယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် သွားရောက်  တွေ့ဆုံခဲ့ကြသည်။

သိန္နီပြည်ခိုင်ဖြိုးပါတီမှ စစ်ဘေးရှောင်ပြည်သူများထံသို့ ထောက်ပံ့ကျေး ပေးအပ် လှူဒါန်း

 

(၇-၂-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် သိန္နီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုင်းစံအေး၊ အတွင်းရေးမှူး ဦးစိုင်းစံအေး၊ စေတနာရှင်လူငယ်အဖွဲ့များနှင့်အတူ ကောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော ကွတ်ခိုင်မြို့နယ် ဆိုင်းခေါင်ရွာမှ စစ်ဘေးရှောင်ပြည်သူ(၁၅၈)ဦးတို့အား ငွေကျပ်တန်ဖိုး (၂၀၁၅၀၀ိ/-)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

အဆိုပါ စစ်ဘးရှောင်ပြည်သူများတွင် မူလတန်းကလေးငယ် ကျောင်းသား(၁၈)ဦးပါဝင်ကြောင်း သိရသည်။

credit >>> အယ်လ်နန်ဆိုင်း အယ်လ်နန်ဆိုင်း

ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ ပါတီရေးရာကဏ္ဍအလိုက်နှီးနှောဖလှယ်ပွဲ ကျင်းပ

 

ယမန်နေ့(5 – 2 -2018) နေ့လည်( ၁)နာရီ အချိန်တွင် ကျောက်မဲမြိြု့ ပည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးတွင် ပါတီရေးရာကဏ္ဍအလိုက်နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ် ပါ
သည်။

ရှေးဦးစွာ ပါတီဝင်များအားလုံး နိုင်ငံတော်သီချင်းသီဆို၍နိုင်ငံတော်အလံအားအလေးပြုပြီး အခမ်းအနားစတင် ဖွင့်လှစ်ပါသည်။ ထို့နောက် ကျောက်မဲခရိုင်ပါတီဥက္ကဌ ဦးဝင်းမြင့်မှ အဖွင့်အမှာ စကားပြောကြားပြီး ကျောက်မဲမြို့နယ်တာဝန်ခံ ခရိုင်ကော်မတီဝင် ဦးကောင်းစိန်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။

သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လပါတ်​အစည်းအ​ဝေးကျင်းပ

 

သီ​ပေါမြို့နယ်​ ပြည်​​ခိုင်​ဖြိုးပါတီ၏ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို (၆.၂.၂၀၁၈)ရက် ​နေ့လည် ၀၉း၃၀ အချိန်​က ကျင်းပရာ ပြည်​နယ်​၊ ခရိုင်​၊မြို့နယ်​ ပါတီနှင့် ရပ်/ကျေးပါတီ အဖွဲ့ဝင်​များ တက်​​ရောက်​ကြပါသည်​။

မိုးမိတ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ယမန်နေ့ နေ့လည်(၁၂း၃၀) အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ် မြို့နယ်ပါတီ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်ပရာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးမှ ရှမ်းမြောက်ပါတီ၏ စတုတ္ထ (၃)လပတ် လုပ်ငန်းညှိနှိုင်းစည်းဝေး လမ်းညွှန်ချက်များ လစဉ်ပေးပို့ရမည့် လအစီရင်ခံစာပုံစံများ ယခုလ ဆောင်ရွက်ရမည့် လုပ်ငန်ုးများ အသေးစိပ် ရှင်းလင်းခဲ့ပါသည်။

မိုးမိတ် – မဘိမ်း – နောင်ချို – မိုးကုတ်လေးမြို့နယ် လူငယ်တွေ့ဆုံပွဲ ကျင်းပ

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ရှမ်းမြောက် မိုးမိတ်၊ မဘိမ်း၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်များ၏ လေးမြို့နယ် လူငယ်တွေ့ဆုံပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ လူငယ်ရေးရာအလုပ်ရုံဆွေးနွေးပွဲကို (၁၅-၁၁-၂၀၁၇) ရက်နေ့ နံနက် (၉း၃၀) နာရီအချိန် ပြည်နယ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို ပြည်နယ် လူငယ်ရေးရာအဖွဲ့၊ ရှမ်း/မြောက်ဒေသအတွင်းရှိ (၆) ခရိုင်၊ (၁၉) မြို့နယ်တို့မှ လူငယ်ကိုယ်စားလှယ် (၈၀) ခန့် တက်ရောက်ကြပါသည်။

သီ​ပေါတွင်​ ရပ်​/​ကျေးပါတီ လပါတ်​အစည်း​ဝေး ကျင်းပ

သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးစည်းမှူးများ၏ လစဉ်​လုပ်​ငန်းညှိ့နှိုင်းစည်း​ဝေးပွဲကို ၆.၁၁.၂၀၁၇ ရက်နေ့ ၀၉း၃၀ နာရီအချိန်​က မြို့နယ်​ပါတီရုံးခန်းမတွင်​ ကျင်းပခဲ့ပါသည်။

အခမ်းနားသို့ ပြည်​နယ်​​ကော်​မတီဝင်​ ဦးစိုင်းစိန်​လင်း ၊ခရိုင်​​ကော်​မတီဝင်​ ဦးအုန်း​မောင်​၊ မြို့နယ်​ပါတီဥက္ကဌ ဦးအောင်​​အောင်​နှင့်​ မြို့နယ်​​ကော်​မတီဝင်များ ၊ ရပ်​/​ကျေး စည်းရုံး​ရေးအဖွဲ့ဝင်​များ စုံညီစွာ တက်​​ရောက်​ကြပါသည်​။