ကျောက်မဲမြို့စစ်ဘေးရှောင်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှအလှူငွေလှူဒါန်း

 

ကျောက်မဲမြို့ (၈)ရပ်ကွက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကျောင်းတွင်ဖွင့်လှစ်ထား သော စစ်ဘေးရှောင်စခန်းသို့ ပြည် ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှ ယမန် နေ့မွန်းတည့် ၁၂ နာရီတွင် စစ် ဘေးရှောင်ပြည်သူများအတွက် အလှူငွေများ လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေနှင့် ဆန်များ ထောက်ပံ့ လှူဒါန်း

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဦးဆောင်မှုဖြင့်
လားရှိုးမြို့နယ်ပါတီကော်မတီဝင်များ၊ မိုးမိတ်မြို့နယ်ပါတီကော်မတီဝင်များနှင့် နောင်ချိမြို့နယ် ပါတီ ကော်မတီဝင်များမှ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စု အုမ္မသီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြသော မန်တုန်မြို့နယ်အတွင်းကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူ များအတွက် ငွေကျပ် ၈၀၀၀၀၀ိ/(ရှစ်သိန်းကျပ်တိတိ)နှင့် မိုးမိတ်ဆန် (၁၀)အိတ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ပြည်နယ်ပါတီအတွင်းရေးမှူး ပါတီကော်မတီဝင်များအား တွေ့ဆုံ လမ်းညွှန်မှာကြား

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် ပါတီကော်မတီဝင်များတွေ့ဆုံပွဲကို ဒီဇင်ဘာ (၆) ရက် နံနက် (၁၀) နာရီအချိန်က နောင်ချိုမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်နယ်အတွင်းရေးမှူး၊ ခရိုင်ပါတီဥက္ကဋ္ဌ၊ မိုးမိတ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ နောင်ချိုမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုမှ စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပါတီအတွင်း ရေးမှူး ဒေါက်တာလဆိုင်းမှ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်ပြည်ခိုင်ဖြိုး ရှေ့တန်းရောက် တပ်မတော်သားများအတွက် လှူဒါန်းမှုပြု

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရှေ့တန်းရောက် တပ်မတော်သားများ အတွက် ကျပ်သုံးသိန်းတန်ဖိုးရှိ အနွေထည်များကို ဒီဇင်ဘာ (၅) ရက် နေ့လည် (၂) နာရီအချိန်က သွားရောက် လှူဒါန်းခဲ့သည်။

ထို့အပြင် ဆေးရုံးတက်ရောက်ဆေးကုသမှုခံယူနေရသော ဒဏ်ရာရစစ်သည် များအတွက်လည်း အနွေးထည်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စံစံ

မိုးမိတ်ပြည်ခိုင်ဖြိုး မြို့နယ်နှင့် ရပ်/ကျေးအုပ်စုများ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့် ရပ်ကွက် ကျေးရွာအုပ်စုများ လုပ်ငန်း ညှိနိုင်း အစည်းအဝေးကို နိုဝင်ဘာ (၃၀) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမောင်ငယ် နှင့် မြို့နယ်ပါတီကော်မတီများ၊ အရံ ကော် မတီဝင်များ ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ပြီးစီးခဲ့ သည့် လုပ်ငန်စဉ်းများ ဆွေးနွေးခြင်း၊ ရှေ့ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

မဘိမ်းမြို့နယ်ပါတီရုံးတွင် အခမဲ့ဆေးကုသမှုဆောင်ရွက်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာအဖွဲ့နှင့် မန္တလေးမြို့ မေတ္တာစမ်းရေ ပရဟိတအဖွဲ့မှ မျက်စိအထူးကုဆရာဝန် ဒေါက်တာ နွယ်နွယ်ဦး၊ သားဆက်ခြားဆရာဝန် ဒေါက်တာဖောင်ခမ်းတို့ ပူးပေါင်း၍ မျက်စိအခမဲ့စမ်းသပ်ခြင်း၊ မျက်မှန်အခမဲ့ တပ်ဆင် ပေးခြင်း၊ မျက်စဉ်း အခမဲ့ပေးခြင်း၊ အားဆေးအခမဲ့ပေးခြင်း၊ သားဆက်ခြားအခမဲ့ပြုလုပ်ပေးခြင်း လုပ်ငန်းများကို နိုဝင်ဘာလ (၂၆) ရက်မှ (၂၇) ရက်နေ့အထိ မြို့နယ်ပါတီရုံး၍ ဆောင်ရွက်ပေးခဲ့ရာ မျက်စိလူနာ (၄၇၀) ဦးအနက် (၄၂၀) ဦးအား အခမဲ့ မျက်မှန်တပ်ဆင်ပေးခြင်း၊ သားဆက်ခြားလူနာ (၇၀) ဦးအား သားဆက်ခြား ဆောင်ရွက်ပေးခြင်းနှင့် လူနာပေါင်း (၅၄၀) ဦးအား ဆေးဝါးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများနှင့် စစ်ဘေးရှောင်စခန်းအတွက် လှူဒါန်းမှုပြု

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ပန်ဟိုက် (၈) ရပ်ကွက်၊ လီဆူကုန်း ရှိ မန်တုံမြို့နယ် အတွင်းရွာများမှ စစ်ဘေးရှောင် ပြည်သူများအား ပြည်နယ်၊ ခရိုင်နှင့် နမ္မတူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ နိုဝင်ဘာ (၂၆) ရက်နေ့က သွားရောက်၍ ကျောင်းနေအရွယ် ကလေးသူငယ် များအတွက် သွားရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။

ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ဆေးကုသမှုခံယူနေသူအား သွားရောက်အားပေးစကား ပြောကြား

15085539_1923576737875490_7182371286402675088_n

နိုဝင်ဘာ (၂၀) ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကြကာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် အတွင်းလူနာအဖြစ် တက်ရောက် နေသည့် သိန်းနီ ကောင်းဟော်အုပ်စု  ဟိုတာကျေးရွာနေ ဦးစိုင်းထွန်းအေး အား ပြည်နယ်/ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ  နိုဝင်ဘာ (၂၂) ရက် မွန်းလွဲ (၁၂း၁၅) အချိန်တွင် သွားရောက်၍ နှစ်သိမ့်အားပေးစကားပြောကြားကာ အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သီပေါမြို့နယ် မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြို့နယ်လုံးကျွတ် သံဃဒါနဆွမ်းကြီးလောင်းပွဲ ပြည်ခိုင်ဖြိုးက ပါဝင်ဆင်နွှဲ

သီပေါမြို့နယ် (၁၂၁) ကြိမ်မြောက် မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြို့နယ်လုံးကျွတ် သံဃဒါန ဆွမ်းကြီးလောင်းပွဲကြီးကို အောက်တိုဘာ (၁၉) ရက်နေ့က ကျင်းပ ပြုလုပ်ရာ  သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမိသားစုမှ တန်ဖိုးကျပ် ၆၆၆၆၆၆ တန်ဖိုးရှိ ပဒေသာပင်ကို ပါဝင်လှူဒါန်းမှုပြုခဲ့ရာ နမ့်ဟူးနွဲ့ကျောင်းမှ ဆရာတော်မှ ယင်းပဒေသာပင်ကို မဲပေါက်သဖြင့် ခရိုင်ပါတီကော်မတီဝင် ဦးအုန်းမောင်လေး၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်အောင်၊ အတွင်းရေးမှူး ဦးစိုင်းခင်မောင်ရွှေ၊ မြို့နယ်ပါတီကော်မတီများ၊ ပါတီဝင် မိသားစုများမှ သွားရောက်ပို့ဆောင် လှူဒါန်း၍ ရေစက်သွန်ချအမျှပေးဝေခဲ့ပါသည်။

thibaw1

(more…)


သီပေါပြည်ခိုင်ဖြိုးမှပြည်သူ့ဆေးရုံကြီးတွင် အာဟာရကျွေးမွေး

thibas2

သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းထားရှိသော ဖြိုးစေတနာရှင် လူမှုကူညီရေးအဖွဲ့မှ  အောက်တိုဘာ (၁၁) ရက် နံနက် (၆) နာရီခွဲအချိန်တွင် သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်အောင်နှင့် ဖြိုးစေတနာရှင် လူမှုကူညီရေးအဖွဲ့ဥက္ကဌတို့ဦးဆောင်၍ စည်းရုံးရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများမှ သီပေါမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ဝေဒနာရှင်များနှင့် လူနာစောင့်များ  တာဝန်ကျ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများအား နွားနို့၊ ပေါင်မုန့်နှင့် ကိတ်မုန့်များ အာဟာရပြုကျွေးမွေးခဲ့ကြောင်း သတင်း ရရှိသည်။