မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီ၏ အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ခေတ်ဖက်ရှင်အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခမဲ့အခြေခံစက်ချုပ်သင်တန်း (၁/၂၀၁၇)ဆင်းပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံက် (၈) နာရီအချိန်က ငါးအိုးကျေးရွာ အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို မိုးမိတ်ခရိုင် ပါတီ အတွင်းရေးမှူး ဦးမြင့်လှိုနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မဘိမ်းမြို့နယ် ပါတီဥက္ကဌ ဦးဇော်လွင်၊ မြို့နယ်အတွင်းရေးမှူး ဦးတင်ဝယ်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီနာယကများ၊ ရပ်ကျေးစည်းမှူးများ၊ ငါးအိုး ကျေးရွာအုပ်စု အုပပ်ချုပ်ရေးမှူး ဦးသန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြဆရာမ ဒေါ်သင်းသင်းလဲ့နှင့် သက်တန်းသူများ၊ သင်တန်းသူများ၏မိဘများ တက်ရောက်ခဲ့ကြသည်။

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူးများ စည်းမှူးများနှင့် တွေ့ဆုံညှိနှိုင်း

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ပါတီ ကော်မ တီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေတို့ လိုက်ပါလျှက် ၂၁.၈.၂၀၁၇ ရက် နေ့က မလှိုင်ကုန်းကျေး ရွာ၊ ဘဟဲကျေးရွာ၊ ပွေးတူးကျေးရွာများသို့ သွားရောက်ပြီး ပါတီဝင် အင်အား ပြန်လည်စိစစ်ခြင်း၊ ရေးရာကော်မတီများပြန်လည်ဖွဲ့စည်းခြင်း၊ ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူးများ၊ စည်းမှူးများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ပါတီ ဥက္ကဌ (ဗဟိုအလုပ်အမှုဆောင်) ဦးစိုင်းသန်းဝင်း ဦးဆောင်သည့်အဖွဲ့ တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ် ကော်မတီဝင်များ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

 

တန့်ယန်းမြို့သို့ ရောက်ရှိနေသည့် ရှမ်းပြည်နယ်ပါတီ ဥက္ကဌ (ဗဟိုအလုပ် အမှုဆောင်) ဦးစိုင်းသန်းဝင်း ဦးဆောင်သည့် ပြည်နယ် /ခရိုင်ပါတီကော်မ တီဝင်အဖွဲ့တို့သည် ယနေ့ (7-8-2017)ရက်နေ့ (0945)နာရီအချိန်တွင် တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ကော်မတီဝင်များ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံပြီး ပါတီဝင်များစိစစ်ခြင်းလုပ်ငန်း ပါတီဝင်အသစ် များ တိုးပွားရေး၊ ပါတီဝင်နှစ်စဉ်ကြေးများ စနစ်တကျကောက်ခံရရှိရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ကော်မတီဝင် များ၊ စည်းရုံးရေးမှူးများနှင့် ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ပါ သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေတာဝန်ခံ ဦးအောင်သန်းထွဋ် လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ တက်ရောက် အမှာစကားပြောကြား

ယ​နေ့ (၉.၈.၂၀၁၇) ရက်နေ့ ရှမ်းပြည်​နယ်​(​ (မြောက်​ပိုင်း) ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လာရှိုးမြို့တွင်​ ကျင်းပ​သော (၂၀၁၇) ခုနှစ်​ ဒုတိယ (၃) လပတ်​လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေး၌ ပြည်​ခိုင်​ဖြိုးပါတီ ဗဟို အတိုင်​ပင်​ခံ ရှမ်းပြည်နယ် (မြောက်ပိုင်း)နယ်မြေ တာဝန်ခံ ဦးအောင်းသန်းထွဋ်​ တက်​​ရောက်​ အမှာစကား​ပြောကြားခဲ့ကြောင်း သိရပါသည်။

လားရှိုးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်း ပြည်ခိုင်ဖြိုးပါတီ ကော်မတီအဖွဲ့နှင့် တွေ့ဆုံ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီအဖွဲ့နှင့် မတ်လ (၁၆) ရက် မွန်းလွဲ ၂ နာရီက ပြည်နယ် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ထိုသိုတွေ့ဆုံရာတွင် ရပ်/ ကျေး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးမှု၊ လို အပ်ချက်များ၊ ဆက်လက်ဆောင် ရွက်ရန်လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လောက်ကိုင်ဒေသမှ စစ်ဘေးရှောင်ပြည်သူ ၆ဝဝ ကျော်နေရပ်ပြန်ရေး ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီက ကူညီဆောင်ရွက်ပေး

လောက်ကိုင်ဒေသမှ စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူ ၆ဝဝ ကျော်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီက နေရပ်ပြန်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ဘဏ္ဍာ ရေးမှူး ဦးစိုင်းခမ်းကော်က ပြောသည်။

(more…)


မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဆွေးနွေးပွဲ ပြုလုပ်

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအမျိုးသမီးရေးရာအဖွဲ့မှကြီး မှူး၍ ဆွေးနွေးပွဲ တစ်ရပ်ကို ယခု လ ၂၄ ရက်နံနက် ၁၁ နာရီခွဲက ပြုလုပ်ခဲ့သည်။

 

 

(more…)


ပန်ဟတ် အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင် သစ်ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာ အုပ်စု ပန်ဟတ်(၁၀)မိုင် ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဖွင့်လှစ်ခြင်းနှင့် ကိုးကန့်ယဉ်ကျေးမှုအဖွဲ့နှင့် ကျေးရွာပြည်သူလူထုမှ ပူးပေါင်း ဆောက်လုပ်ထားသော ပေ(၅၀) ပေ(၂၀) ကျောင်းဆောင်သစ်ကို ပညာရေးဌာနအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇန်န၀ါရီ (၄) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ရာ လားရှိုးမြို့ယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ တက်ရောက်အားပေး ကူညီခဲ့ကြသည်။

(more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ခရစ္စမတ်ဆုတောင်းပေးပို့သည့် သဝဏ်လွှာ ကွမ်းလုံမြို့နယ် လူမျိုးပေါင်းစုံခရစ်ယာန်ဘာသာကျောင်းတွင်ဖတ်ကြား

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့ ဥာဏသိပံ္ပရပ်ကွက်ရှိ လူမျိုးပေါင်းစုံခရစ်ယာန်ဘာသာကျောင်း၌ ယခုလ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။ ခရစ်ယာန်ဘာသာဝင်များ၏ ထူးခြားလေးနက်သော ကောင်းချီးမင်္ဂလာများနှင့်ပြည့်စုံသည့် နေ့ထူးနေ့မြတ်ဖြစ်သည့် (ခရစ္စမတ်နေ့)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ ခရစ္စမတ်ဆုတောင်းပေးပို့သည့်သဝဏ်လွှာကို ကွမ်းလုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးထွန်းရင်က ပါတီဥက္ကဋ္ဌကိုယ်စားတက်ရောက်အားပေးချီးမြှင့်ဖတ်ကြားခဲ့သည်။

Union Daily


ပါတီအောင်နိုင်ရေး တွေ့ဆုံဆွေးနွေး

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံခရိုင် ဟိုပန်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၂၆) ရက် နံနက် (၁၀) နာရီအချိန်က ပြည်နယ်၊ ကွမ်းလုံခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။