သီပေါတွင် အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

သီပေါ စက်တင်ဘာ ၆

သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လပတ်အစည်းအဝေးနှင့် အမျိုး သမီးနှီးနှောဖလှယ်ပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ပါတီကော်မတီ ဦးစိုင်းစိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင်က (၂ဝ၂ဝ) အောင်နိုင်ရေးကို ဦးထိပ်ထားပြီး ဆောင် ရွက်ကြရန်နှင့် လာမည့်အောက်တိုဘာပထမပတ်တွင်ကျင်းပမည့် အမျိုး သမီးနှီးနှောဖလှယ်ပွဲကို အနှစ်သာရရှိစွာဖြင့် ပါတီဝင်အမျိုးသမီးထုအား ကိုယ်စားပြုကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်။

ထို့နောက် ဖြိုးစေတနာရှင်အဖွဲ့၏ ကူညီထောက်ပံ့ထားရှိမှုအခြေ အနေများအားအသင်း၏ ဘဏ္ဍာရေးမှူးဦးကျော်လင်းက ရှင်းလင်းဖတ် ကြားပြီး မြို့နယ်ဥက္ကဋ္ဌက သုံးလတစ်ကြိမ် ရငွေ/လှူဒါန်း ထောက်ပံ့ ငွေစာရင်းများပြုစုပြီး အသင်းသားများကို ဖြန့်ဝေပေးရန် မှာကြားပြီး အစည်းအဝေးကို နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာဖြင့် ပြီးမြောက် စေခဲ့သည်။

လပတ်ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ပါတီအဖွဲ့ဝင် ၆ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။