ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ တတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအစေးနှင့် လူငယ်လှုပ်ရှားမှုလုပ်ငန်းအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

လားရှိုး၊၂၀၁၈၊ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ တတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉း၃၀) အချိန် ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)၊ ပြည်​ခိုင်​ဖြိုးပါတီဒုဥက္ကဌ ဦး​အောင်​သူ၊ ပြည်​နယ်​အတွင်း​ရေးမှူး ​ဒေါက်​တာလဆိုင်း၊ ပြည်​နယ်​ဘဏ္ဍာ​ရေးမှူး ဦးစိုင်းခမ်း​ကော်၊
အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ကျော်​နီနိုင်​၊ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးစိုင်းစံ​အောင်​၊ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ဦး​အောင်​​ရွှေ၊ ပြည်​နယ်​​ကော်​မတီဝင်​များ၊ ခရိုင်​/မြို့နယ်​များမှ ပါတီဥက္ကဌများ၊ လူငယ်တာဝန်ခံများ၊​​ လူငယ်​လှုပ်​ရှားမှု့အဖွဲ့မှလူငယ်​များ
တက်ေ​ရာက်​ခဲ့ကြပါသည်
ပထမဦးစွာ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးအောင်သူက အမှာစကားပြောကြားပြီး တက်ရောက်လာသော ခရိုင်/မြို့နယ်ဥက္ကဌများမှ လုပ်ငန်းဆောင်ရွက်ချက်များ၊ နယ်မြေဒေသအခြေအနေများကို ဆွေးနွေးကြပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယနေ့တွင် လူငယ်လှုပ်ရှားအဖွဲ့များမှ အစုအဖွဲ့ (၇) ဖွဲ့ခွဲ၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

USDP Shan – North