မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ

 

13 February 2019

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင်ဦးခင် မောင်ရွှေတို့သည် ယမန်နေ့ နံနက် ၁ဝနာရီက ဘဟဲကျေးရွာ ပါတီ ရုံးတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင်ခရိုင်ပါတီအတွင်း ရေးမှူး၊မြို့နယ်ပါတီဥက္ကဋ္ဌတို့က ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးအမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းစံ အောင်က ကျင်းပလျက်ရှိသော ဒုတိယအကြိမ်(၁၁)ကြိမ်မြောက် အမျိုးသားလွှတ်တော်တွင် ဘဟဲ ကျေးရွာ အထက ကျောင်းဆောင် သစ်ရရှိရေး၊ ဘဟဲကျေးရွာ ဆည်ကြီးလမ်း၊ ရွှေပြည်သာလမ်း၊ အင်ကားယားကုန်ထုတ်လမ်း ရရှိရေးအတွက် အမျိုးသားလွှတ် တော်မှ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခြင်းအားပြန်လည်ဖြေကြား ချက်များကို ၄င်းကိုယ်စားဘဟဲ ကျေးရွာတောင်သူများကရှင်းလင်း ခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။