ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော် ကော့ကရိတ်ခရိုင်တွင်းရှိ ကော်မတီဝင်များနှင့်တွေ့ဆုံ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာ (၂၃) ရက်က ဗဟိုအလုပ်အမှုဆောင် စီးပွားရေးတာဝန်ခံ ဦးသူရိန်ဇော် သည် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များမှ  ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

kaw-ka-yeik1

တွေ့ဆုံရာသို့ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဌ ဦးစောမြင့်ဦး၊ ဗဟိုအလုပ် အမှုဆောင် ဒေါ်နန်းနီနီအေး၊ မြို့နယ်ပါတီအတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင် ဦးစန်းကိုနှင့် ဗဟိုကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ၊ ပါတီဝင်များ တက်ရောက် ခဲ့ကြသည်။

တွေ့ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်မှ ပါတီဗဟို၏ လုပ်ငန်းလမ်းညွန်ချက်များနှင့် ပတ်သက်၍  အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကော့ကရိတ် ခရိုင်ပါတီဥက္ကဌ ဦးအောင်သိန်းဝင်း၊ ကော့ကရိတ် မြို့နယ်ပါတီဥက္ကဋ္ဌ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရေမှူးတို့မှ အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်မှ တင်ပြချက်များအပေါ် ပြန်လည်ဖြေကြား နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

# U Myint Oo


Leave a Reply