ပြည်ခိုင်ဖြိုးပါတီဝင်ကျေးရွာစည်းမှူးများနှင့်တွေ့ဆုံပွဲ ကုန်းဇရပ်ကျေးရွာတွင်ကျင်းပ

 

13 February 2019

လောင်းလုံးမြို့နယ် ကုန်းဇရပ်ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ကျေးရွာစည်းမှူးများ တွေ့ဆုံပွဲကို ယမန်နေ့က ကုန်းဇရပ်ကျေးရွာရှိ စည်းမှူးဦးစံဝင်းအိမ်တွင် ကျင်းပရာ ထားဝယ်ခရိုင် ကော်မတီဝင် ဦးထွန်းမင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မောင်မြင့်၊ အတွင်းရေးမှူး ဦးသိန်းသန်း၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဦးစိုးမင်း၊ ဦးတင်နိုင်၊ ဦးမင်းယုသန်း၊ ဦးတင်အောင်မိုး၊ ဒေါ်ခင်ယုသန်းနှင့် ကျေးရွာစည်းမှူးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မောင်မြင့်က ပါတီအင်အားတိုးပွားခြင်းနှင့် ယနေ့ နိုင်ငံရေးအခြေအနေများကို ပြောကြားကာ စည်းမှူးများတင်ပြချက်များကို ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။

SL