ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကလေးခရိုင် မြို့နယ် ရပ်ကျေးပါတီဥက္ကဋ္ဌများ ပါတီဝင်များနှင့်တွေ့ဆုံ

 

ကလေး ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့သို့ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်း တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ကော်မတီဝင် ငါးဦးပါ အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီတွင် ကလေးခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ တွေ့ဆုံကာ ပါတီ၏ ရှေ့လုပ်ငန်း စဉ်များအား ရှင်းလင်းပြောကြား၍ တိုင်း အတွင်းရေးမှူးကလည်း ပါတီစည်းရုံးရေး မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သီဟသူ(ကလေး)