ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သင်္ဃန်းကျွန်းခရိုင် လူငယ်တွေ့ဆုံပွဲကျင်းပပြုလုပ်

‌ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်း ခရိုင်အတွင်းရှိ တောင်ဥက္ကလာပ မြို့နယ်၊သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ရန်ကင်းမြို့နယ်များမှ လူငယ်များအား ခေါ်ယူ၍ ၁၁.၁၂.၂၀၂၂ ရက်နေ့ ၀၁၀၀ နာရီအချိန်က ခရိုင်ပါတီရုံး၌ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအားနိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်းနှင့်စတင်ခဲ့ပြီး ခရိုင် ဥက္ကဌ ဦးကျော်သီဟမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော လူငယ်များမှ တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာတာဝန်ခံ ဒေါ်ဇာခြည်လင်းကလူငယ်များနှင့်ပါတ်သက်၍ လုပ်ဆောင်ချက်များ၊ လုပ်ရှားဆောင်ရွက်မှုများနှင့် လူငယ် များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော လူငယ်များမှ သိလိုသည်များအား မေးမြန်းခဲကြရာ ခရိုင်ဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ညနေ ၀၃၃၀ နာရီအချန်၌ ပြီးဆုံးခဲ့ကြောင်း သိရသည်။

၄င်း ‌တွေ့ဆုံပွဲသို့ သင်္ဃန်းကျွန်းခရိုင်ဥက္ကဌဦးကျော်သီဟနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌများ၊ မြို့နယ်အတွင်းရေးမှူးများနှင့်ကော်မတီဝင်များ၊လူငယ်ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ဖိတ်ကြားထားသူများ စုစုပေါင်း လူငယ်အင်အား(၁၆၀)ကျော်ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။