တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲ စကားဝိုင်းကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ယန်းကျွန်းခရိုင်၊တာမွေမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ

လူငယ်တွေ့ဆုံပွဲ စကားဝိုင်းကို (၁၁.၁၂.၂၀၂၂) တနင်္ဂနွေနေ့ နံနက် (၁၀)နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး ဦးအောင်ခင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် လူငယ်တာဝန်ခံ မလှယမင်းဦးက လူငယ်များနှင့်ရင်ရင်းနှီးနှီးတွေ့ဆုံပြီး ပါတီ ၏ရှေ့လုပ်ငန်းစဥ်များနှင့် လူငယ်တို့၏ အခန်းကဏ္ဍ များနှင့်ပက်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော လူငယ်များကလည်းအပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုး ပါတီ တာမွေမြို့နယ် အတွင်းရေးမှုး ဦးအောင်ခင်၊ ဘဏ္ဍာရေး နှင့်လူငယ်ရေးရာတာဝန်ခံ မလှယမင်းဦး ၊မြို့နယ်ကော်မတီဝင်များ နှင့်လူငယ် (၃၀) ဦးတို့တက်ရောက်ကြပြီး တွေ့ဆုံပွဲနှင့်စကားဝိုင်း ကို နံနက် (၁၁:၁၅) တွင်ပြီးဆုံးခဲ့ကြောင်းသိရသည်။