ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ ချောင်းမကျေးရွာ ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ပါတီအဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီ ၃၀မိနစ်ချိန်တွင် ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ ချောင်းမကျေးရွာ၌ကျင်းပပြုလုပ်သည့် ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် ပါတီဥက္ကဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် နွယ်ခွေကျေးရွာအုပ်စုပါတီဥက္ကဋ္ဌမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးများအားပေးအပ်ခဲ့ရာ ချောင်းဦးမြို့နယ်ပါတီဥက္ကဋ္ဌမှလက်ခံရယူခဲ့သည်။

ထို့နောက် ကျေးရွာပါတီဝင်တစ်ဦးမှ ပါတီသို့ဝင်ရောက်ရခြင်းအခြေအနေအားရှင်းလင်းတင်ပြခဲ့ပြီးနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ရာ ကျေးရွာပြည်သူတစ်ဦးမှလက်ခံရယူခဲ့သည်။

၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များမှ ပါတီဝင်များအား ပါတီတံဆိပ်ရင်ထိုးများတပ်ဆင်ပေးခဲ့ပြီး ပါတီဝင်အဆိုပြုလွှာအခမ်းအနားအစီအစဉ်အား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်မှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအလုပ်မှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေတာဝန်ခံဦးမြင့်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာမြင့်သိန်းနှင့် ပါတီဝင်များတက်ရောက်ခဲ့ကြပါသည်။

ပြည်သူ့ဆက်ဆံရေး