ရခိုင်ပြည်နယ် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံများအတွက်ကွမ်းလုံပြည်ခိုင်ဖြိုး ပါတီမှ အလှူငွေပေးအပ်လှူဒါန်း

 

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒုက္ခသည်များကို လူသားချင်းစာနာ ထောက်ထားသောအားဖြင့်ကွမ်းလုံ ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။လှူဒါန်းပေအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီက ကွမ်းလုံ   မြို့နယ် ထွေ/အုပ်ရုံး၌ပြုလုပ်ခဲ့ပြီး ကွမ်းလုံခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထွန်းရင် ဦးဆောင်သည့်ခရိုင်နှင့်မြို့နယ်ပါတီကော် မတီဝင်များသည် ပြည်ခိုင်ဖြိုးပါတီက လှူဒါန်းသည့် အလှူငွေ ကျပ် ၉၂ဝဝဝဝကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟန်လေး