ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) ကျောက်တံခါးမြို့နယ်မှ အိန္ဒိယနွယ်ဖွား ဟိန္ဒူဗုဒ္ဓဘာသာဝင်များ၊ ပဲခူးမြို့အခြေစိုက် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၃၀၀ အချိန်မှ ၁၄၀၀ အချိန်ထိ ပဲခူးတိုင်းဒေသကြီး(အရှေ့) ကျောက်တံခါးမြို့နယ်မှ အိန္ဒိယ နွယ်ဖွား ဟိန္ဒူဗုဒ္ဓဘာသာဝင်များနှင့်လည်းကောင်း၊ ညနေ့လည် ၁၄၄၅ အချိန်မှ ၁၅၃၀ အချိန်ထိ ပဲခူးမြို့ အခြေစိုက် နိုင်ငံရေးပါတီများနှင့်လည်းကောင်းတွေ့ဆုံခဲ့ပါသည်။

 

ဟိန္ဒူဗုဒ္ဓဘာသာဝင်များနှင့်တွေ့ဆုံရာတွင် တက်ရောက်လာသူများက ၎င်းတို့၏ဒေသအခြေအနေများ၊ လိုအပ်ချက်များအား တင်ပြခဲ့ပြီး ပါတီဥက္ကဋ္ဌက ” မိမိနိုင်ငံအတွင်းနှစ်ပေါင်းများစွာ တစ်မြေတည်းနေ တစ်ရေတည်းသောက် နေထိုင်ခဲ့ကြသော ပုဂ္ဂိုလ်များနဲ့တွေ့ခွင့်ရတဲ့အတွက် များစွာဝမ်းသာရပါကြောင်းနှင့် ၎င်းတို့သိလိုသော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားဖြစ်မှုဆိုင်ရာ သိမှတ် ဖွယ်ရာ များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ၎င်းတို့၏တင်ပြချက်များကိုလည်း ဥပဒေနှင့်အညီ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ” ဆွေးနွေးပြောကြားကာ တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။

 

ထို့နောက် ပါတီဥက္ကဋ္ဌသည် ပဲခူးမြို့အခြေစိုက် နိုင်ငံရေးပါတီများမှ တက်ရောက်လာသ​ော တာဝန်ရှိ သူများ နှင့်တွေ့ဆုံခဲ့ပြီး ” ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံရေးပါတီများ အချင်းချင်းဆက်သွယ်ဆက်ဆံနိုင်ရေးကိစ္စများ၊PRစနစ်နှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဒေသတွင်း  လုံခြုံရေးဆိုင်ရာအခြေအနေများ”အားဆွေးနွေးခဲ့ကြပါသည်။အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အတူ ဗဟိုအတိုင်ပင်ခံ ဦးစောမော်ထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ပါတီဥက္ကဋ္ဌဗဟိုအလုပ်အမှုဆောင်ဦးရဲမြင့်ထွန်းနှင့် ဟိန္ဒူဗုဒ္ဓဘာသာဝင်များ၊  ပဲခူးမြို့အခြေစိုက် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

#USDP #Myanmar

#Bago(east)