ကွေ့တန်းရှည်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ပဲခူး မတ် ၁ဝ

ပဲခူးမြို့နယ် ကွေ့တန်းရှည် ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ကျင်းပသည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့ ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးမင်းခန့်ကျော် ဦးဆောင် သော မြို့နယ်ကော်မတီဝင်များ၊ ကွေ့တန်းရှည်ကျေးရွာပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ပါတီဝင်များ တက်ရောက်ပြီး ပါတီဆိုင်းဘုတ် ကို စိုက်ထူကာ အမွှေးနံ့သာရည် များပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက်အတွင်းရေးမှူးနှင့် အဖွဲ့သည် ကွေ့တန်းရှည်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးထွေးမောင် နေအိမ်တွင်ကျေးရွာအတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ၏ မူဝါဒနှင့်ရှေ့လုပ်ငန်းစဉ်များ၊၂ဝ၂ဝ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ပါတီဝင်များ၏လူမှုရေးအခက်အခဲ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေး နွေးပြီးလိုအပ်သည်များအကြံပြုဖြည့် ဆည်းပေးခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)