လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါင်မြို့နယ်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ပေါင်မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးတွင် ရက်၉၀စီမံချက်၊ PR စနစ်နှင့် ပါတီဝင်စီစစ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အစည်းအဝေးကို ပြည်နယ်ကော်မတီဝင် ၊ဦးခင်မောင်ဇော်၊ သထုံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦး မြို့နယ်အတွင်းရေးမှူး ၊ဦးကျော်စွာလင်းနှင့် မြို့နယ် ကော်မတီဝင် များ မြို့နယ် အရံ ကော်မတီဝင်များ ရပ်/ ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။