ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကျောင်းရေပူကျေးရွာ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲတက်ရောက်

 

လှိုင်းဘွဲ မတ် ၅

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျောင်းရေပူကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီ မိနစ် ၂ဝ တွင် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်း စုပေါင်းသီဆိုကာ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ ဗဟိုအလုပ် အမှုဆောင် ကရင်ပြည်နယ်တာ ဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစော ဝင်းထိန်နှင့် ပြည်နယ်ပါတီကော် မတီဝင်များ၊ ဘားအံခရိုင် ဥက္ကဋ္ဌ နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ လှိုင်းဘွဲမြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့ နယ်ပါတီကော်မတီဝင်များ၊ အရန် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဝင်များ စုစုပေါင်းအင်အား ၂၅၄ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပါတီဗဟို အလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်က အဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး က ကရင်ဘာသာစကားဖြင့် ပါတီ ၏ မူဝါဒ၊ ခံယူချက်၊ ရည်ရွယ် ချက်များအား ပြောကြားသည်။

ပါတီအဆိုပြုလွှာများကို ကျေး ရွာပါတီဥက္ကဋ္ဌ ဦးလေလေက လှိုင်းဘွဲမြို့နယ်ပါတီအတွင်းရေးမှူး ဦးမြတ်စိမ်းအား ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ပါတီအတွင်း ရေးမှူးက ပါတီဝင်ကြေးများကို ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ထံ ပေးအပ်ခဲ့သည်။ ကျေးရွာရပ်မိ ရပ်ဖဦးခင်အောင်ကပါတီဝင်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြား ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်း ဌေးက ပေးပို့သောလက်ဆောင် ပစ္စည်းများအား ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်ကပေးအပ်ရာ ရပ်မိ ရပ်ဖများကိုယ်စား တိုင်းရင်းသူ လူငယ် ဒေါ်နော်အေးမြင့်သောင်းက လက်ခံရယူခဲ့သည်။အခမ်းအနား တွင် တောင်သရက်ကုန်းကျေးရွာ ကိုယ်ထူကိုယ်ထလမ်းဖောက်လုပ်ရန် အတွက် ဦးသူရိန်ဇော်က ငွေကျပ် တစ်သိန်း၊ဦးစောမြင့်ဦးက ငွေကျပ် ငါးသောင်း၊ ကရင်ပြည်နယ် ပါတီ က ငွေကျပ်တစ်သိန်း၊ လှိုင်းဘွဲ မြို့နယ်ပါတီမှ ငွေကျပ်တစ်သိန်း အသီးသီးပေးအပ်လှူဒါန်းခဲ့သည်။

အခမ်းအနားကို တက်ရောက် လာကြသောပါတီဝင်များအားပါတီ ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးပြီး နောက် မွန်းလွဲ ၁နာရီတွင် ကရင် ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေး ခန်းမ၌ကျင်းပသောပြည်နယ်/ခရိုင်/ မြို့နယ်ပါတီ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ခဲ့ကြကြောင်း သိရသည်။