လိူင်သာယာအရှေ့ပိုင်းမြို့နယ်၊လုပ်ငန်းညှိနိူင်းအစည်းအဝေးပွဲကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး လိူင်သာယာအရှေ့ပိုင်း မြို့နယ်ပါတီ လုပ်ငန်းညှိနိူင်းအစည်းအဝေးကို လှိုင်သာယာ မြို့နယ် ပါတီရုံးခန်းမတွင် ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့၊နံနက် ၁၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ပါတီဥဣဌနှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥဣဌများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပါတီဝင်အင်အားတိုးပွားရေး၊ ဝန်းရံအင်အားပိုမိုရရှိရေးနှင့် ပါတီဝင်အင်အားပြန်လည်စိစစ်ရေးအကြောင်းအရာများဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။