ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ် ကောင်းမြို့ ရေကျော်ကျေးရွာအုပ်စု စမ်းချောင်းကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ကျင်းပသော ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားသို့ တက် ရောက်ခဲ့သည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များနှင့် ရဲဘော် အပေါင်းအား အလေးပြုပြီး နိုင်ငံ တော်သီချင်းအား သံပြိုင်သီဆိုခဲ့ပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်ဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးသိန်းက ရွာလုံးကျွတ် ပါတီဝင်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊
ခရိုင်ဥက္ကဋ္ဌကလည်း ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့ ကြပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အလုပ်အမှုဆောင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာထိန်ဝင်းက ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းက ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို ဗဟို အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့ ဝင်များက ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် ငရုတ်ကောင်းမြို့ ရေကျော်ကျေးရွာအုပ်စု စမ်းချောင်းကျေးရွာရှိ ၁၈ နှစ်ပြည့်ပြီးသည့် ရွာလုံးကျွတ်ပါတီသို့ ဝင်ရောက်လာသည့်ပါတီဝင် အဆိုပြုလွှာများပေးအပ်ခြင်း၊ ပါတီဝင်များအား ပါတီတံဆိပ်ရင်ထိုးများ တပ်ဆင်ပေးခဲ့သည်။
ဆက်လက်ပြီး ရွာလုံးကျွတ်ပါတီဝင်ကြေးများ ပေးအပ်ပွဲကို ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပါတီဝင်များ ပါတီ အဆို ပြုလွှာပေးအပ်သည့် အင်အား ၃၂ဝ တို့ တက် ရောက်ခဲ့ပါသည်။

ထို့နောက် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျောင်းထိုင်ဆရာတော်အား လှူဖွယ် ပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုငွေများလည်း ဆက် ကပ်ပူဇော်ခဲ့သည်။ ထိုလှူဒါန်းပွဲသို့ ခရိုင်၊မြို့နယ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ငရုတ်ကောင်းမြို့ ပေါ်ရှိ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ရပ်/ကျေး ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ ကြပြီး ဗဟိုအတွင်းရေးမှူးက တက်ရောက်လာ ကြသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။