ပြည်ခိုင်ဖြိုးပါတီ သာကေတ ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ လူငယ်တွေ့ဆုံပွဲ ကျင်းပ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်  သာကေတ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ ၏ လူငယ် တွေ့ဆုံပွဲ အခမ်းအနား ကို ယနေ့  (၁၁.၁၂.၂၀၂၂) ​တနင်္ဂနွေနေ့ နေ့လည် (၁)နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။  ရှေးဦးစွာ အခမ်းအနားကိုနိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ နိုင်ငံတော်အလံကိုအလေးပြုခြင်းဖြင့်စတင်ပြီး သာကေတ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ သာကေတ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ တာဝန်ခံမှ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ နှင့် လူငယ်ရေးရာ ကိစ္စရပ်များကိုတင်ပြဆွေးနွေးပြီး သာကေတမြို့နယ် ပါတီ နာယကကြီး နှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (YMBA) နာယကကြီးတို့ မှ သြဝါဒ စကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒေါပုံ မြို့နယ် ပါတီနာယကကြီးနှင့် ဗိုလ်တထောင်မြို့နယ် ပါတီနာယကကြီးများကလည်း သြဝါဒ စကားများ ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲတွင် သာကေတမြို့နယ်၊ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်များရှိ လူငယ်တာဝန်ခံများနှင့် တက်ရောက်လာသောလူငယ်များက တက်ကြွစွာဆွေးနွေးကြပြီးဗိုလ်တထောင်မြို့နယ်ပါတီ အတွင်းရေးမှုး က နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနား ကိုနေ့လည်း ( ၂:၂၅) တွင်ပြီးဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ သာကေတ၊ ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များရှိ ပါတီ နာယကကြီးများ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) မှ တာဝန်ရှိသူများ ၊ သာကေတ၊ ဒေါပုံ၊ ဗိုလ်တထောင်မြို့နယ် များရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ များ၊ အတွင်းရေးမှုးများ နှင့်ကော်မတီဝင်များ ၊လူငယ်ရေးရာတာဝန်ခံများနှင့် တက်ကြွ သူလူငယ် မောင်မယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။