သာကေတ ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ ၏ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးထု တွေ့ဆုံပွဲ ကျင်းပ

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ ၏ အမျိုးသမီး ထုတွေ့ဆုံပွဲ အခမ်းအနား ကို ယနေ့ (၁၀.၁၂.၂၀၂၂) ​စနေနေ့ နေ့လည် (၁)နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။  ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ နိုင်ငံတော်အလံကို အလေးပြုခြင်းဖြင့်စတင်ပြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ သာကေတ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တာဝန်ခံမှ အမျိုးသမီး ရေးရာ ကိစ္စ ရပ်များကိုတင်ပြဆွေးနွေးပြီး သာကေတမြို့နယ် ပါတီ နာယကကြီး ဦးစိုးဝင်း မှ သြဝါဒ စကားပြောကြား ခဲ့ပါသည်။ ထိုနောက် ရပ်ကွက်များ မှ အမျိုးသမီး ရေးရာတာဝန်ခံများက ဆွေးနွေးတင်ပြခြင်းများကို မြို့နယ် အမျိုးသမီး ရေးရာတာဝန်ခံ ကထပ်မံဖြည့်စွတ်ဆွေးနွေးခဲ့ပြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုးက နိဂုံးချုပ် အမှာစကားပြောကြား၍ ဇာတိမာန် သီချင်း သီဆိုပြီး အခမ်းအနားကို နေ့လည်(၂:၁၅)တွင်ပြီးဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ သာကေတမြို့နယ်ပါတီ နာယကကြီးများ၊ YMBA မှ တာဝန်ရှိသူများ ၊သာကေတ၊ဒေါပုံ၊ ဗိုလ်တထောင်မြို့နယ် များရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ များ၊ အတွင်းရေးမှုးများ နှင့်ကော်မတီဝင်များ ၊ပါတီဝင်အမျိုးသမီးများတက်ရောက်ခဲ့ကြောင်းသိရသည်။