ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များ တွေ့ဆုံပွဲကျင်းပ

ပြည်၊ ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များတွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ္လ (၂၂)ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်မြို့ရှိ တိုင်းဒေသကြီးပါတီရုံးခန်းမတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ အကြမ်းဖက်သမားများ၏ လုပ်ကြံမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရေသာ ပါတီဝင်များနှင့် မိသားစုဝင်များအား အောက်မေ့သတိရသည့်အနေဖြင့် ၂ မိနစ်ငြိမ်သက်၍ အခမ်းအနားအား စတင်ခဲ့ပါသည်။

ထို့နောက် ပါတီပြောရေးဆိုခွင့်ရှိသူ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ချိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးက လူငယ်ရေးရာကိစ္စရပ်များနှင့် ပါတီဖွဲ့စည်းပုံ လုပ်ထုံး လုပ်နည်းများအား ဆွေးနွေးခြင်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်မှ အမျိုးသမီးရေးရာကိစ္စရပ်များအား ဆွေးနွေးခြင်း၊ ဗဟိုကော်မတီဝင် ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ရွေးကောက်ပွဲတွင် အသုံးပြုမည့် PR စနစ်အကြောင်းအား ရှင်းလင်းဆွေးနွေးခြင်း၊ ပါတီဗဟိုကော်မတီဝင် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ပါတီဝင်များမှ သိရှိလိုသည့်အချက်များအား  မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ချိုဦး၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်၊ ဗဟိုကော်မတီဝင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီတာဝန်ရှိသူများနှင့် လူငယ်/အမျိုးသမီး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။