ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် အစည်းအဝေး ကျင်းပ

 

ပျဉ်းမနား ဇူလိုင် ၉

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် အစည်း အဝေး (၇/၂ဝ၁၉) ကို ယမန်နေ့ နံနက် ၉နာရီမှ ၁၁ နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် လူငယ်ပါတီဝင် သီဟသွေးအဖွဲ့များ စုံလင်စွာ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက လတ်တလောနိုင်ငံရေး ဖြစ်စဉ်များ၊ အာဇာနည်နေ့တွင် နှစ်စဉ်ပြုလုပ်သော လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း အခမ်းအနား၊ ပါတီ၏ စည်းရုံးရေး ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အတွင်းရေးမှူး ဦးဇော်တူးအောင်က မဲရုံကိုယ်စားလှယ်များ၏ အခန်းကဏ္ဍများနှင့် ကြိုတင်စီမံထားရန်တို့အား လည်းကောင်း ဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထက်ဦး(ပျဉ်းမနား)