တနင်္သာရီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ညောင်ပင်ကွင်း အနောက်အလက(ခွဲ)ကျောင်း ပညာရေးစုံညီပွဲတော်သို့ တက်ရောက်ဆုချီးမြှင့်

 

13 February 2019

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု ညောင်ပင်ကွင်း အနောက်ရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်းဝင်း အတွင်းကျင်းပသည့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ ည ၈ နာရီက သွားရောက်၍ ဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါစုံညီပွဲတော်ကျောင်းမှ ကျောင်းသားကျောင်းသူများက တေးသီချင်းဖြင့် အကအလှပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက် ခဲ့ရာ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးထင်ပေါ်၊အတွင်း ရေးမှူးဦးသန်းနိုင်၊ ဘဏ္ဍာရေးမှူး ဦးအင်ကွီး၊ ဦးသန်းမြင့်၊ ဒေါ်ဝင်း မြင့်၊ ဦးအောင်နိုင်နှင့်မြို့နယ်ရုံးအဖွဲ့တို့သည် အလက(ခွဲ)ကျောင်းအုပ် ဆရာကြီးဦးစိုးပိုင်၊ ဆရာဆရာမများ၊ ဧည့်ပရိသတ်များနှင့်အတူ အကပဒေသာများကို ကြည့်ရှုအားပေးကာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝင်များက ဆုငွေများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖူမျိုး(တနင်္သာရီ)