မိုးမိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အဝတ်လျှော်ဆပ်ပြာရည်ချက်နည်းသင်တန်းဖွင့်လှစ်

 

မဘိမ်း ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ရေးရာအဖွဲ့နှင့်မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အဝတ်လျှော် ဆပ်ပြာရည်ချက်နည်းသင်တန်းကို မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာ ဒေါ်လင်းလင်းလှိုင်၏နေအိမ်၌ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ကော်မတီ ဝင်များ၊ မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်ခင်မြင့်ဌေးနှင့်ကော်မတီဝင်များ၊ မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လွင်နှင့် ကော်မတီဝင်များ၊အမျိုးသမီး ရေးရာအဖွဲ့များနှင့် စိတ်ဝင်စားလေ့လာသူပေါင်း ၄ဝ ခန့် တက်ရောက်ခဲ့သည်။

ဇော်လွင်(မဘိမ်း)