ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာတာဝန်ခံ ရန်ကင်းမြို့နယ်ရှိအမျိုးသမီးရေးရာတာဝန်ခံများနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် အမျိုး သမီးရေးရာ တာဝန်ခံမှ တာဝန်ရှိသူများ သည် ယမန်နေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရန်ကင်းမြို့နယ် အတွင်းရှိ ရပ်ကွက်များမှအမျိုးသမီးရေးရာ တာဝန်ခံများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ရန်ကုန်တိုင်း ဒေသကြီးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ် စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြား ရာတွင် ပါတီ၏ရည်ရွယ်ချက်များနှင့် ရှေ့ လုပ်ငန်းစဉ်များအကြောင်းကို အကျယ် တဝင့် ရှင်းလင်းပြောကြားပြီး အရှေ့ပိုင်း ခရိုင်အတွင်းရေးမှူးက ၂ဝ၁၈ အမျိုးသမီး ညီလာခံနှင့်ပတ်သက်သည့် အကြောင်း အရာများကို ပြန်လည်ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကင်းမြို့နယ် အမျိုး သမီးရေးရာ ကော်မတီဝင်က ရန်ကင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဆောင်ရွက် မှုများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိ သူများက ကဏ္ဍအလိုက် ဆွေးနွေးသွားကြ သည်။ ထို့နောက် အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်က ပါတီ၏ရှေ့လုပ် ငန်းစဉ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာတာဝန်ခံနှင့် တိုင်းဒေသ ကြီးမှ တာဝန်ရှိသူများ၊ အရှေ့ပိုင်းခရိုင် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်များမှ ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ အမျိုးသမီးရေးရာခေါင်းဆောင်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဇော်ထွန်း