မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပန်းကန်ဆေး အဝတ်လျှော်ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းဖွင့်

 

မဘိမ်း ဖေဖော်ဝါရီ ၅

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေး မှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ၊ ဦးခင်မောင်ရွှေ၊ ဦးသန်းမြတ်စိုး၊ ဦးသောင်းရွှေ၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင် တို့သည် ယမန်နေ့က မယ်ဇလီကျေးရွာ၊ အလယ်ရွာတို့တွင် ပန်းကန် ဆေးအဝတ်လျှော်ဆပ်ပြာရည်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့ပြီး အမျိုး သမီး ၆ဝ တက်ရောက်ခဲ့သည်။

ထိုနောက် အလယ်ရွာတွင် ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့်တွေ့ဆုံ၍ ရေနွေးကြမ်းစကားဝိုင်းကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇော်လွင်(မဘိမ်း)