သီပေါတွင် စာပေဟောပြောပွဲ ကျင်းပနိုင်ရေး အကြိုညှိ့နှိုင်းစည်းဝေး ကျင်းပ
သီပေါ ဇန်န၀ါရီ ၂၃
သီပေါမြို့ စာပေချစ်သူများ နှင့် ပေါင်းစပ်ကျင်းပမည့် စာပေဟောပြောပွဲကို ကျင်းပပြုလုပ်နိုင်ရေး မြို့နယ်ကော်မတီ လုပ်ငန်းညှိ့နှိုင်း အစည်းအဝေးကို ယမန်နေ့ (၂၃.၁.၂၀၁၉ )ရက်နေ့က သီပေါမြို့နယ် ပါတီရုံခန်းမတွင် ပြုလုပ်သည်။
အစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းစိန်လင်း ခရိုင်ပါတီကောင်မတီ ဦးအုန်းမောင် မြို့နယ်ဥက္ကဌ ဦးအောင်အောင် နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းစိန်လင်း က ဗဟိုဌာနချုပ်၏ စီစဉ် မှု့ နှင့်အတူ ပြည်နယ် ခရိုင် အဖွဲ့များ နှင့်အတူ သီပေါမြို့နယ် စာပေချစ်သူများ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနေးပြီး ခရိုင် မြို့နယ် ကော်မတီ ဝင်များ က အကြံပြုဆွေးနွေး ခဲ့ကြောင်း သိရသည်။
Crdး USDP Shan – North