ရွေးချယ်ခံတို့သည် ယုံကြည်ထိုက်သူဖြစ်အောင်ရိုးသားရပါမည်။ ရွေးချယ်ခံတို့သည် အားကိုးထိုက် သူဖြစ်အောင် ကြိုးစားရပါမည်။ ရွေးချယ်ခံတို့သည် လေးစား ထိုက်သူဖြစ်အောင် စင်ကြယ်ရပါမည်။ ခေါင်းဆောင်မှုဆိုသည်မှာ အင်အားသုံးခြင်းမဟုတ်ဘဲ အများပြည်သူကို ဆွဲဆောင်စည်းရုံး၍ လိုက်ပါလုပ်ဆောင်စေခြင်း သာဖြစ်သည်ဟု သီအိုရီ ကဆိုပါသည်။
အနိုင်ရပါတီအစိုးရသည် ပြည်သူ့ကိုယ်စားဖြစ်ရပါမည်။ ပြည်သူ့ဝန်ထမ်းတစ်မျိုးလည်း မည်ပါသည်။ အစိုးရသည် ပြည်သူကိုလေးစားသင့်သည်။ ပြည်သူများ၏ ယေဘုယျသဘောမှာ လုံခြုံမှုနှင့် စားဝတ်နေမှုပြေလည်မှုကို ရယူလို ကြသည်။ ၎င်းအချက်ကို ပထမဦးစားပေး ဖြေရှင်းသင့်သည်။ အစိုးရအဖွဲ့ဟူသည် စွမ်းရည်ထူး ပိုင်ဆိုင်ထားသူများသာ ဖြစ်သင့်ရာ တိုးတက်ဖွံ့ဖြိုးမှုကို ချက်ချင်းဆောင်ရွက်နိုင်သင့်သည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်