တပ်မတော်သည်

1517626_1731121963838619_8734932157841185169_n

ယနေ့တပ်မတော်သည် မြန်မာနိုင်ငံရေးထဲတွင် အမျိုးသားနိုင်ငံရေးအရ ပါဝင်နေရခြင်းဖြစ်သည်။ တပ်မတော်သည် အတိုက်အခံမဟုတ်ကြောင်း သိစေအပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသူများဖြစ်ကြပါသည်။ ဥပဒေနှင့်မကိုက်ညီသည်များကို ပြောဆိုကြ သည်။ နိုင်ငံအတွက် မဖြစ်သင့် မဖြစ်ထိုက်သည်များကို ထောက်ပြသွားမည်ဆိုသည့် အမျိုးသားရေး အသိကိုလက်ကိုင်ထားသည်။ တပ်မတော်သည် ဒီမိုကရေစီသဘောအရ လွတ်လပ်စွာသဘောကွဲလွဲ ခွင့်ကို လက်ခံသည်။ တည်ဆဲဥပဒေနှင့်ညီရန်အတွက်လည်း အစဉ်တစိုက် တိုက်တွန်းနေသည်။

အနှစ်ချုပ်တင်ပြလိုပါသည်။ တပ်မတော်ဆိုသည်မှာ နိုင်ငံတိုင်းမှာ မရှိမဖြစ် အမြဲတမ်းရှိနေရမည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ တိုင်းပြည်၏ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ပေါ် မူတည်၍ အစိုးရအဖွဲ့၏ လိုအပ်ချက်နှင့်အညီ ကျင့်ကြံနေထိုင် တာဝန်ထမ်းဆောင်နေကြရသည်။

တိုင်းပြည်အတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည့် အချိန်အခါတွင် တည်ငြိမ်အေးချမ်းမှုရှိလာအောင်၊ ပြည်သူအများ၏ ဘ၀လုံခြုံမှုရှိလာအောင် တာဝန်အရ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန်များ ကို ထမ်းဆောင်ကြရပါသည်။

အရေးပေါ်အခြေအနေမျိုးတွင် တည်ဆဲဥပဒေကို ဖောက်ဖျက်သူများ၊ အကြိမ်းဖက်လုယက်သူများ၊ လုံခြုံရေးပျက်ပြားအောင် ဆောင်ရွက်သူများကိုလည်း တာဝန်အရ အရေးယူဆောင်ရွက်စမြဲဖြစ်သည်။ ထိုသဘောသဘာဝရှိသည့်အတွက် တပ်မတော်က ရှေးယခင်အချိန်အခါတို့က နိုင်ငံတော်အာဏာကို သိမ်းခဲ့ကြခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံရှိ ပြည်သူလူထုတို့၏ဘ၀ လုံခြုံမှုကို ဆောင်ရွက်ပေးခဲ့ကြ ခြင်းသာ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

၂၀၁၆ ခှုနှစ် မေလ (၁၇) ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ဖော်ပြပါသည်။


Leave a Reply