ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း

78834cc4a43ad71db550b8256fb8ffe3afcebccc18b87740b7c02b9e2233a088_full

ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်၏ စီစဉ်မှုဖြင့် ထောက်ပံ့လှူဒါန်းထားသည့် သိန်း (၂၀) တန်ဖိုးရှိ ကူညီထောက်ပံ့ရေးပစ္စည်းများအား မေလ (၁၆) ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဝင် ဗိုလ်မှူးစိုးမိုး(ငြိမ်း)၊ ကျော်တော်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များမှ ကျောက်တော်မြို့နယ် ယိုးချောင်းနယ်မြေအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ယာယီ တည်းခိုရာ ကျေးရွာများသို့ သွားရောက် လှူဒါန်းခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် ကျောက်တော်မြို့နယ် ဖလူချောင်းကျေးရွာတွင် ယာယီတည်းခိုနေကြသည့် ရသေ့တောင်မြို့နယ် ရဇိုးချောင်းကျေးရွာမှ အိမ်ထောင်စု(၄)စု ကျား(၁၂)ဦး၊ မ(၉)ဦးတို့အား ဆန် (၁၅)အိတ်၊ ဆီ(၈) ပိဿာ၊ ငရုတ်သီးခြောက်(၄) ပိဿာ၊ ခေါက်ဆွဲ(၄)ပါကင်၊ တီရှပ်(၁ဝ)ထည် တို့ကိုလည်ကောင်း၊ ကျော်တော်မြို့နယ် ပညာဝကျေးရွာတွင် ယာယီလာရောက်တည်းခိုကြသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ မီးချောင်းခုတ်ကျေးရွာမှ အိမ်ထောင်စု (၁၉)စု ကျား(၇၂)ဦး၊ မ (၉၆)ဦးတို့အား ဆန် (၂၉)အိတ်၊ ဆီ(၃၄) ပိဿာ၊ ငရုတ်သီးခြောက် (၂ဝ) ပိဿာ၊ ဆား(၉)အိတ်၊ ခေါက်ဆွဲ (၂၅) ပါကင်၊ တီရှပ်(၄ဝ)ထည်တို့ကိုလည်းကောင်း၊ ကျောက်တော်မြို့နယ်၊ င/စရိုင်းကိုင်းကျေးရွာတွင် ယာယီတည်းခိုနေကြသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ အိမ်ထောင်စု (၄၆)စု ကျား(၁၂၉)ဦး၊ မ(၁၂၅)ဦး တို့အား ဆန် (၅၆)အိတ်၊ ဆီ (၅၈) ပိဿာ၊ ငရုတ်သီးခြောက် (၃၆) ပိဿာ၊ ဆား (၁၅)ပိဿာ၊ ခေါက်ဆွဲ (၂၁) ပါကင်၊ တီရှပ် (၄၆)ထည်တို့ကို လည်းကောင်း အသီးသီး ထောက်ပံ့လှူဒါန်းပေး ခဲ့ကြောင်း သတင်းရရှိသည်။

Photo – usdp Rakhine Viber Group


Leave a Reply