ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်နယ်လှည့်ကျန်းမာရေးအခမဲ့ဆေးကုသပေးမှုကို သွားရောက်အားပေး

 

ကော့ကရိတ် မတ် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့ နံနက် ၉ နာရီတွင် ကော့ကရိတ်မြို့နယ် ဝဲကင်းအံကျေးရွာရှိ ဝဲကင်းအံ ဆရာတော်အားဖူးမြော်ပြီး ဝဲကင်းအံ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကရင် တိုင်းရင်းသားကျေးရွာများမှ မိဘ ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ ဆရာဝန်များဖြစ်သော ဒေါက်တာသန့်ဇော်လွင်၊ဒေါက်တာ ရဲရန်အောင်၊ ဒေါက်တာနေမျိုး ဇေယျာတို့ကနယ်လှည့်ကျန်းမာရေး အခမဲ့ဆေးကုသရေး ဆောင်ရွက် နေမှုကိုသွားရောက်အားပေးခဲ့သည်။

အဆိုပါနယ်လှည့်ကျန်းမာရေး အခမဲ့ဆေးကုသပေးမှု ဆောင်ရွက် ခြင်းကိုကရင်ပြည်နယ်ပါတီအတွင်း ရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီ ကော်မတီဝင်များ၊ကော့ကရိတ်ခရိုင်/ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော် မတီဝင်များ၊ ကျေးရွာရှိ ပါတီဝင် များအင်အား ၃ဝ တက်ရောက်ခဲ့ ကြသည်။ ဆက်လက်ပြီး နံနက်၁ဝနာရီ တွင်ကရင်ပြည်နယ်တာဝန်ခံဦးသူ ရိန်ဇော်နှင့်အဖွဲ့သည် သရက်တော ကျေးရွာသို့ရောက်ရှိပြီး ကိုင် ကလာဘုန်းတော်ကြီးကျောင်းဓမ္မာ ရုံတွင် ဆရာတော်အားဖူးမြော်ပြီး နဝကမ္မအလှူငွေကျပ် ၂ဝဝဝဝ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဓမ္မာ ရုံတွင် ကျေးရွာရှိပါတီဝင်များ၊ မိဘပြည်သူများ ၇၅ ဦးနှင့် ဓမ္မ စကူးလ်သင်တန်းသား သင်တန်း သူ ၉ဝ၊ စုစုပေါင်း ၁၆၇ ဦးဖြင့် စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ ပြီး ဓမ္မစကူးလ်သင်တန်းအတွက် အလှူငွေကျပ် ၅ဝဝဝဝပေးအပ်ခဲ့ သည်။

ကရင်ပြည်နယ်တာဝန်ခံ ဦးသူ ရိန်ဇော်နှင့် အဖွဲ့သည် မွန်းလွဲ ၁နာရီက ဝဲကင်းအံဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် နယ်လှည့်ကျန်း မာရေးအခမဲ့ ဆေးကုသပေးအဖွဲ့ထံ ကျေးရွာများမှ လာရောက်ဆေးကု သမှုခံယူသည့် မိဘပြည်သူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်အားပေးစကားပြောကြားခဲ့ သည်။ နယ်လှည့်ကျန်းမာရေးအခ မဲ့ဆေးကုသပေးရာတွင် ကျေးရွာ မိဘပြည်သူ ၁၅၆ ဦးမှလာရောက် ဆေးကုသမှုခံယူခဲ့ကြသည်။ ပါတီ ပြက္ခဒိန်နှင့် အိတ်ဆောင်ပြက္ခဒိန် များ လက်ဆောင်ပေးခဲ့သည်။

ကရင်ပြည်နယ်တာဝန်ခံ ဦးသူ ရိန်ဇော်နှင့်အဖွဲ့သည် မွန်းလွဲ ၃နာရီ တွင် ကော့ပလံကျေးရွာသို့ရောက် ရှိပြီး ဆရာတော်အား ဖူးမြော်၍ နဝကမ္မအလှူငွေများဆက်ကပ်ခဲ့ ကြောင်း သိရသည်။