မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

မြိတ် မတ် ၃

တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊အတွင်းရေး မှူး ကိုကိုကြီး နှင့်နယ်မြေတာဝန်ခံ ကော် မတီဝင်များလိုက်ပါသောအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက မြိတ်မြို့နယ် ဟန်းကျေးရွာ အုပ်စု စည်းရုံးရေးမှူးနှင့်ပါတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြို့နယ်ပါတီဥက္ကဋ္ဌက မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လတ်တလော ဆောင်ရွက်လျက်ရှိသည့် ပါတီလုပ်ငန်းစဉ် များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ရှင်း လင်းပြောကြားခဲ့ပြီး ရပ်မိရပ်ဖများနှင့် ဒေသခံများက မိမိတို့အနေဖြင့် ပါတီနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည့် ပါတီရှေ့ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သိလိုသည် များကိုဆွေးနွေးခဲ့ကြရာ ဥက္ကဋ္ဌက ပြန် လည်ရှင်းလင်းဖြေကြားဆောင်ရွက်ပေးခဲ့ ပြီး ကျေးရွာတွင်း အမာခံပါတီဝင်များ စနစ်တကျရှိစေရေး ပြန်လည်စုစည်း၍ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်လင်း(မြိတ်)