အမေရိကန်သမ္မတအိုဘားမား၏စီမံ ခန့်ခွဲမှုအဖွဲ့သည် အမေရိကန်-မြန်မာ ဆက်ဆံရေးကို ပြဇာတ်ဆန်သော အပြောင်းအလဲများ ပြုလုပ်နိုင်ခဲ့သော်လည်း မူဝါဒ သစ်၏အကျိုးသက်ရောက်မှုများမှာ မည်သည့် အခြေအနေ ရှိသနည်းဆိုသည့် မေးခွန်းအတွက် အဖြေမှာရှင်းရှင်းလင်းလင်း မရှိသေးပါ။ ဟီလာရီကလင်တန်နှင့် အိုဘားမား တို့သည် ကွန်ဂရက်စ်အတွင်းရှိ သဘောထားတင်းမာသူများနှင့် လူ့အခွင့် အရေးအဖွဲ့အစည်းများကို မြန်မာနိုင်ငံနှင့် ပြန်လည်ပေါင်းစည်းမှုများပြုလုပ်ရန်အတွက် ထောက်ခံအားပေးမှုများပြုလုပ်ပေးရန် စွမ်းဆောင်နိုင်ခဲ့သည်။
ဆယ်စုနှစ်နှင့် ချီ၍ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ ခြင်းနှင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော အကြောင်းအရာများတွင် အမေရိကန် ပါဝင်ပတ်သက်မှုမရှိခြင်းများမှာ မြန်မာ နိုင်ငံရှိ တပ်မတော်အစိုးရကို ဖြုတ်ချနိုင် ခြင်းမရှိသည့်အပြင် တရုတ်နိုင်ငံအပေါ် အလွန်အကျွံမှီခိုရသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိ သွားစေခဲ့သည်။ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကောင်းများ ပြန်လည်တည်ဆောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ ၏ဒီမိုကရေစီဖော်ဆောင်ရေးခရီးလမ်း အတွက် ကူညီလမ်းညွှန်မှုများစွာပြုလုပ်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ အိမ်ဖြူ တော်သည် သမ္မတအိုဘားမားအပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိများကို မြန်မာနိုင်ငံသို့ သွားရောက်စေခြင်း၊ ပိတ် ဆို့အရေးယူမှုအချို့ကို ဖယ်ရှားပေးခြင်း၊ USAID က မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေး အစီအစဉ်များ ပိုမိုဖော်ဆောင်ခြင်း၊ သံအမတ်အဆင့် သံတမန်ဆက်ဆံရေးပြန် လည်ထူထောင်ခြင်းများ ပြုလုပ်ခဲ့သည်။ အမေရိကန်သည် မြန်မာနိုင်ငံအပေါ် ပိတ် ဆို့အရေးယူမှုများချမှတ်သည့်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူဖြစ်သည်။ အဆိုပါအကြောင်းအရာများအတွက် တံခါးမှူး အသွင်ဖြစ်လာခဲ့ပြီး အမေရိကန်၏မူဝါဒ များအပြောင်းအလဲနောက်ပိုင်းတွင် အခြား ဒီမိုကရေစီနိုင်ငံများဖြစ်သော သြစတြေးလျ၊ ဂျပန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂဝင်နိုင်ငံများသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းများ ပြန်လည်တည်ဆောက်လာ ခဲ့ကြသည်။
သို့သော် မူဝါဒသစ်များပြောင်းလဲ အကောင်အထည်ဖော်ခဲ့သော်လည်း အမေရိကန်၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးနိုင် စွမ်းမှာ အကန့်အသတ်များ ဆက်ရှိနေဆဲ ဖြစ်ပြီး အနာဂတ်တွင်လည်း အဆိုပါ အခြေအနေမှာ အပြောင်းအလဲများဖြစ်ပေါ်ရန် မလွယ်ကူသောအနေအထားများ ရှိ နေသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခု အတွင်း အာဆီယံနိုင်ငံများထဲ၌ မြန်မာ နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကြောင့် ကမ္ဘာ့မီဒီယာ များထက်တွင် သတင်းအဖြစ် ပိုမိုဖော်ပြ ခံရသောနိုင်ငံဖြစ်ခဲ့သည်။ အာရှနိုင်ငံများ ထဲတွင် အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ် လာခဲ့သည့်အပြင် အမေရိကန်အတွက် မဟာဗျူဟာမြောက် လက်တွဲဖော် နိုင်ငံမျိုး လည်း မဟုတ်ခဲ့ပါ။ သို့သော် မြန်မာနိုင်ငံ တွင် အမေရိကန်၏ရေကြောင်း လွှမ်းမိုးမှု ဆိုင်ရာ
မဟာဗျူဟာအတွက် အဓိကကျသည့်အခြေအနေမျိုးတွင်မရှိသော်လည်း တရုတ်၊ အိန္ဒိယနှင့် ဒေသတွင်း အင်အား ကြီးနိုင်ငံများအတွက် တန်ဖိုးကြီးများသော ဆိပ်ကမ်းကောင်းများတည်ရှိနေသည်။
ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် မြန်မာနိုင်ငံကြားရှိ ကွာခြားချက်များထဲ တွင် အမေရိကန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သည့် နိုင်ငံမဟုတ်ခြင်းနှင့် မဟာမိတ်စာချုပ်များ ချုပ်ဆိုထားမှုမရှိသည့်အချက်၊အရှေ့တောင် အာရှနိုင်ငံများတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ မြန်မာ့တပ်မတော်သည်ဆယ်စု နှစ်နှင့်ချီ၍ အမေရိကန်စစ်တပ်၏ အကူ အညီများကို မယူခဲ့သည့် တပ်မတော်ဖြစ် နေသောအချက်များမှာ သိသာထင်ရှား သည့်အချက်များဖြစ်သည်။ မြန်မာနိုင်ငံ နှင့် ပတ်သက်သောအရှိတရားတစ်ခုမှာ တရုတ်နိုင်ငံသည် လက်ရှိအချိန်အထိပိုမို ကြီးမားသော လွှမ်းမိုး နိုင်စွမ်းပိုင်ဆိုင်ထား သည့် နိုင်ငံဖြစ်သည်ဆိုသောအချက်ဖြစ် သည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ အတွင်း၌ ပြုလုပ်ထားသောအမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ နည်းပါးနေဆဲ ဖြစ်သည်။ အမေရိကန်ကုမ္ပဏီများ၏ အမှုဆောင်အရာရှိချုပ်များသည် ၂ဝ၁၁ ခုနှစ်နောက်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံ သို့မကြာခဏလာ ရောက်ခဲ့သော်လည်း နိုင်ငံ၏စီးပွားရေးပတ်ဝန်းကျင်အခြေအနေ ကြောင့် ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ခြင်းမျိုးမရှိဟု တွေ့ရှိ ခဲ့ရသည်။ သို့သော် လူဦးရေ ၅၄ သန်း ရှိနေသောမြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ အသုံးချရခြင်းမရှိသေးသည့် ကျယ်ပြန့်သော စားသုံးသူဈေးကွက်တစ်ခုအဖြစ် အားသာချက် ပိုင်ဆိုင်နေခြင်းကိုမူ ရင်းနှီး မြှုပ်နှံသူတိုင်း တညီတညွတ်တည်းလက်ခံ ထားကြသည်။ Wall Street ဂျာနယ်က ပြုလုပ်ခဲ့သော လေ့လာမှုများ အရ ၂ဝ၁၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ဝင် ရောက်ခဲ့သည့် အမေရိကန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာနှစ်သန်းသာရှိသည်ဟု တွေ့ရှိ ခဲ့သည်။
မြန်မာနိုင်ငံ၏နိုင်ငံရေးကဏ္ဍအပြောင်း အလဲများမှာ ရည်မှန်းချက်သို့ရောက်ရှိရန်အတွက် ခရီးရှည် လျှောက်လှမ်းရဦးမည် ဖြစ်သည်။ အလားအလာကောင်းများပိုင် ဆိုင်နေသော မြန်မာနိုင်ငံသည် တပ်မတော် အစိုးရတာဝန်ယူခဲ့သည့်ကာလနှင့် နှိုင်း ယှဉ်လျှင် အရှိန်အဟုန်ပြင်းသော ဖွံ့ဖြိုးတိုးတက်မှုများ ပိုင်ဆိုင်နေသည်ဟု လက်ခံ ရမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်ခေါင်း ဆောင်သောအစိုးရသည် ၂ဝ၁၅ ခုနှစ် အတွင်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကျန်ရှိနေသော်လည်း အပစ်အခတ်ရပ်စဲ ရေးသဘောတူညီ ချက်ကြောင့်နိုင်ငံအတွင်းရှိ ဒေသအများစုတွင် လက်နက်ကိုင်ပဋိ ပက္ခများကို ရပ်တန့်နိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံမြောက်ပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီ ၍ တရုတ်နိုင်ငံနှင့် ထိစပ်နေသော နယ် စပ်ဒေသများသို့ ထွက်ပြေးခဲ့ရသည့်ဖြစ် စဉ်များလည်းပေါ်ထွက်ခဲ့ရသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်