ဥရောပတွင် တန်ဖိုးအရှိဆုံး ကလပ်အဖြစ် မန်ယူဆက်ရှိနေ

မန်ယူသည် တန်ဖိုးယူရို ၃ ဒသမ ၂၅ ဘီလီယံ (ပေါင် ၂ ဒသမ ၉ ဘီလီယံ) ဖြင့် တန်ဖိုးအရှိဆုံး ဥရောပကလပ်အဖြစ် ဆက် လက် ရပ်တည်နေကြောင်း စီးပွားရေး ဝန်ဆောင်မှုအုပ်စု KPMG ၏ ဖော်ပြချက်အရသိရသည်။
KPMG ၏ လေ့လာမှုစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် မန်ယူသည် ရီးရဲလ်နှင့် ဘာစီလိုနာတို့ ကို ကျော်ဖြတ်၍ ထိပ်ဆုံး၌ရှိနေသည်။ ၂၀၁၅-၁၆ နှင့် ၂၀၁၆- ၁၇ ဘောလုံးရာသီကို အခြေခံထားသော ယင်းလေ့လာမှုက အသင်းများ၏ အမြတ်ထွက်မှု၊ ရုပ်သံ ထုတ်လွှင့်ခွင့်များ လူကြိုက်များမှု၊ အားကစားအလားအလာနှင့် ဘောလုံးကွင်း တန်ဖိုးတို့ကို လေ့လာ ထားခြင်းဖြစ်သည်။

လုပ်ပွဲဖန်တီးမှု တိုက်ဖျက်ရေး ဘောလုံးကလပ် ၃၅ ခုကို ယူကရိန်းရဲတပ်ဖွဲ့ စီးနင်း

ယူကရိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ဘောလုံးပွဲတွေမှာ နှစ်ဖက်အသင်းတွေ ညှိပြီးကစားတဲ့ လုပ်ပွဲဖန်တီးမှု တိုက်ဖျက်ရေး အကြီးစားစစ်ဆင်ရေးအနေနဲ့ ဘောလုံးကလပ်အသင်း ၃၅ သင်းကို မေလ ၂၂ ရက်က စီးနင်းခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးအသင်းတို့ လာမယ့် မေလ ၂၆ ရက်နေ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ မကစားခင် လေးရက်အလိုမှာ ခုလို စီးနင်းခဲ့တာဖြစ်ပြီး အနည်းဆုံး ဒိုင်လူကြီးတဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို စိန်ခေါ်သူ ထွက်ပေါ်လာ

One Championship က MMA ပြိုင်ပွဲကို လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာတော့ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ မှာ ထပ်မံကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ အဓိက တွဲဆိုင်းအဖြစ် အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံလုပွဲ ပါဝင်လာမှာ ဖြစ်ပြီး မူလက ထိုးသတ်ရမယ့် ပြိုင်ဖက် ဘရာဇီးနိုင်ငံသားမဟုတ်တော့ပဲ ဂျပန်နိုင်ငံသား ကမ်ဟာဆီဂါဝါလို့ ထုတ်ပြန်လိုက်ပါပြီ။

ကွန်တီကို ထုတ်ပယ်ပါက ပေါင် ၉ သန်း ပေးလျော်ရမယ့် ချဲလ်ဆီး

ချဲလ်ဆီးနည်းပြ ကွန်တီအနေနဲ့ အသင်းရဲ့ ထုတ်ပယ်ခြင်းကို ခံရဖို့ရှိနေတာကြောင့် အသင်းသစ်တစ်သင်းကို ရှာဖွေသွားဖို့ရှိနေပြီး ချဲလ်ဆီး အသင်းအနေနဲ့ ကွန်တီကို ထုတ်ပယ်ခဲ့ပါက လျော်ကြေးအဖြစ် ပေါင် ၉ သန်း ပေးချေသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ အီတလီ လူမျိုး နည်းပြအနေနဲ့ ချဲလ်ဆီးအသင်းကို တာဝန်ယူခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အက်ဖ်အေ ဖလားတို့ကို ရယူနိုင်ခဲ့ပေမယ့်လည်း ယခုနှစ်အကုန်မှာအသင်းက ထွက်ခွာချင်နေတာလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို အရယူမယ်လို့ ပြောဆိုလိုက်တဲ့ ဇီဒန်း

ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးလေးနှစ်အတွင်းမှာ သုံးကြိမ်ရထားပေမယ့် ဒီတစ်ကြိမ်မှာလည်း ခါတိုင်းထက်ပိုပြီး ရယူလိုစိတ်ပြင်းပြနေတယ်လို့ နည်းပြဇီဒန်းက ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကတော့ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ပယ်လီဂရီနီ သုံးနှစ်စာချုပ်ဖြင့် ဝက်စ်ဟမ်းနည်းပြဖြစ်လာ

မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီကို သုံးနှစ်စာချုပ်ဖြင့် အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း ဝက်စ်ဟမ်း အသင်းက မေလ ၂၂ ရက်တွင် ကြေညာသည်။

ဟယ်ရီကိန်းကို အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်

အင်္ဂလန်နည်းပြဆောက်ဂိတ်က တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာသွားလိုက်သည်။

ဟယ်ရီကိန်းမှာ စပါးဒုတိယအသင်းခေါင်းဆောင်လည်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ရခြင်းဖြစ်သည်။ ၄င်းမှာ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၃၀ သွင်းယူပြခဲ့ပြီး ၄င်းရာသီမတိုင်မီ ပရီးမီးယားလိဂ်ရွှေ့ဖိနပ်ဆုကို ၂ရာသီဆက်တိုက်ရယူခဲ့သူဖြစ်သည်။

နည်းပြဆောက်ဂိတ်က ကိန်းမှာ ဂိုးသွင်းကောင်းသည့် ထိပ်တန်းတိုက်စစ်မှူး တစ်ဦးဖြစ်သည့်အပြင် အသင်းကို ဦးဆောင်နိုင်စွမ်းရှိခြင်းကြောင့် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်ခြင်းဖြစ်သည်ဟု ပြောသွားခဲ့သည်။

ပရိသတ်က ပေးတဲ့ ဆုတစ်ဆု ထပ်မံ ရရှိခဲ့ပြန်တဲ့ မိုဟာမက်ဆာလာ

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းမှ ပရိသတ်များ ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကို လီဗာပူးအသင်းရဲ့ တိုက်စစ် မှူး မိုဟာမက်ဆာလာက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုဆုကိုတော့ အွန်လိုင်း စနစ်နဲ့ မဲပေးရွေးချယ်စေခဲ့တာ ဖြစ်ပြီး ဆာလာက မဲအရေအတွက် ၈၉ ရာခိုင်နှုန်းအထိ အပြတ်အသတ် အသာစီးရ ယူနိုင်ခဲ့တာလို့လည်းသိရပါတယ်။

အမ်မရီကိုနည်းပြသစ်အဖြစ်အာဆင်နယ်ခန့်အပ်ဖို့ရှိနေ

အာဆင်နယ်အသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် ပီအက်စ်ဂျီနဲ့မကြာသေးခင်က လမ်းခွဲထားတဲ့ အမ်မရီကို ခန့်အပ်တော့မယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ အာစင်ဝင်းဂါးရဲ့နေရာမှာအစားထိုးဖို့နည်းပြအတော်များများကို ဆက်သွယ်ခဲ့ပြီး အစောပိုင်းမှာ အာတီတာကို ခန့်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။

ဒါပေမယ့် အသင်းရဲ့လက်ရှိကစားသမားအချို့က အာတီတာကိုခန့်မယ့်အပေါ် မေးခွန်းထုတ်ခဲ့တာကြောင့် ဖြစ်မလာခဲ့ပါဘူး။ အာဆင်နယ်ဟာ ရည်ရွယ်ထားတဲ့သူအားလုံးကို တွေ့ဆုံပြီးချိန်မှာ အမ်မရီကိုဘဲခန့်အပ်ဖို့ စီစဉ် လိုက်တာဖြစ်ပါတယ်။