ရီးရဲလ်တွင် ဆက်နေဖွယ်ရှိသည်ဟု စီရော်နယ်ဒိုအရိပ်အမြွက်ပြောကြား

တိုက်စစ်မှူး စီရော်နယ်ဒိုက သူ့နေနဲ့ရီးရဲလ်အသင်းမှာသာ ဆက်နေဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားလိုက် ပါတယ်။ လီဗာပူးကို(၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အပြီး နောက်တစ်နေ့အောင်ပွဲခံအခမ်းအနား မှာ စီရော်နယ်ဒိုက “နောက်နှစ်မှာထပ်တွေ့မယ်” လို့ အသင်းပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

 ရီးရဲလ်ပရိသတ်တွေဟာ စီရော်နယ်ဒိုနာမည်ကို အော်ဟစ်ပြီး သူရဲကောင်းတစ်ယောက်လိုကြိုဆိုခဲ့ကြပါတယ်။ ဆက်လက်ပြီး တိုက်စစ်မှူး စီရော်နယ်ဒိုက “ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းမှာ ကစားရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီမှာ ကျွန်တော်နေသားကျနေပါပြီ။ ဒီကစားသမားစုဖွဲ့မှုနဲ့ အောင်မြင်မှု မရဘူးဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ဖွင့်ဟခဲ့ပါတယ်။ အစောပိုင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးနောက် စီရော်နယ်ဒိုက ရီးရဲလ်အသင်းမှာ သူ့အနာဂတ်ရေရာမှုမရှိဘူးလို့ ထုတ်ပြောကြားခဲ့ပါတယ်။

အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ လီဗာပူးလ်ဂိုးသမား ကာရီးယပ်စ်

လီဗာပူးလ်အသင်းရဲ့ ဂိုးသမား လောရစ်ကာရီးယပ်စ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲက သူ့ရဲ့ အမှားတွေကြောင့် လီဗာပူးလ်အသင်း အရေးနိမ့်အပြီးမှာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အွန်လိုင်းကတဆင့် ခြိမ်းခြောက်တဲ့ စာများပေးပို့ခဲ့တာဖြစ်ပြီး မာဆေးဆိုက်ရဲတပ်ဖွဲ့ရဲ့ အကူအညီ ကိုလည်း ယူနေရတယ်လို့ သိရပါတယ်။

WLC-5လက်ဝှေ့ပြိုင်ပွဲတွင် ချန်ပီယံလုပွဲ ယှဉ်ပြိုင်မည့် တွဲဆိုင်းနှစ်ဆိုင်း မိတ်ဆက်ပွဲကျင်းပ

ရန်ကုန် မေ ၂၇

မြန်မာလက်ခမောင်း ကုမ္ပဏီ၏ WLC-5 တွင် ချန်ပီယံလုပွဲနှစ်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် တွဲဆိုင်းနှစ်ဆိုင်း မိတ်ဆက် ပွဲကို ယနေ့တွင် ရန်ကုန်မြို့ unction Mawtin ရှိ Transcend Gym ခန်းမ၌ ကျင်းပသည်။ WLC-5 လက်ဝှေ့ ပြိုင်ပွဲတွင် တွဲဆိုင်း စုစုပေါင်း ခုနစ်ဆိုင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ် ပြီး လိုက်ဝယ်တာ ဝိတ်တန်းနှင့် လိုက်မစ်ဒယ် ဝိတ်တန်းပြိုင်ပွဲများ၏ ချန်ပီယံလုပွဲများပါဝင် မည်ဖြစ်ကြောင်း သိရသည်။

ဆာလာနဲ့ သူ့ရဲ့အကြား မတူညီမှုတွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ စီရော်နယ်ဒို

ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက သူဟာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာနဲ့ ကွဲပြားခြားနားမှုတွေ ရှိတယ်လို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြိုမှာ ပြုလုပ်ခဲ့တဲ့ BT Sport နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး (၄၄) ဂိုး ရယူပေးနိုင်ခဲ့ပြီး စီရော်နယ်ဒိုက (၄၃) ဂိုးသာ ရရှိခဲ့ပြီး သူတို့ နှစ်ဦးကြား နှိုင်းယှဉ်မှုတွေ ရှိလာခဲ့ပါတယ်။

စပါးနည်းပြပိုချက်တီနို အသင်းနှင့်(၅)နှစ် စာချုပ်သစ် ချုပ်ဆို

စပါးနည်းပြ ပိုချက်တီနိုဟာ အသင်းနဲ့(၅)နှစ်စာချုပ် သစ်ချုပ်ဆိုလိုက်တာကြောင့် စပါးမှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။

စာချုပ်သစ်အရ ပိုချက်တီနိုဟာ တစ်နှစ်ပေါင်(၈.၅)သန်း ရရှိမှာပါ။ အသက်(၄၆)နှစ်အရွယ် ပိုချက်တီနိုဟာ ၂၀၁၄ မေလမှာ စပါးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး လွန်ခဲ့တဲ့(၃)ရာသီမှာ အဆင့်(၃)နေရာနဲ့ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ဖြစ်ပါတယ်။

ကမ္ဘာ့အကျော်ကြားဆုံး အားကစားသမားများစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တဲ့ စီရော်နယ်ဒို

ပေါ်တူဂီ နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ စူပါစတား တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ESPN က ရွေးချယ်တဲ့ ဂုဏ်သတင်းအကျော်ကြားဆုံး အားကစားသမား အယောက် (၁၀၀) စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီလို ဦးဆောင်နိုင်မှုဟာ စီရော်နယ်ဒိုအတွက် (၃) နှစ် ဆက်တိုက် ဦးဆောင်နိုင်ခြင်းဖြစ်ပြီးတော့ ဘတ်စကတ်ဘော အကျော်အမော် လီဘရွန်ဂျိမ်းစ် နဲ့ အဓိကပြိုင်ဘက်ကြီး လီယွန်နယ်မက်ဆီတို့ကို အသာစီး ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပတွင် တန်ဖိုးအရှိဆုံး ကလပ်အဖြစ် မန်ယူဆက်ရှိနေ

မန်ယူသည် တန်ဖိုးယူရို ၃ ဒသမ ၂၅ ဘီလီယံ (ပေါင် ၂ ဒသမ ၉ ဘီလီယံ) ဖြင့် တန်ဖိုးအရှိဆုံး ဥရောပကလပ်အဖြစ် ဆက် လက် ရပ်တည်နေကြောင်း စီးပွားရေး ဝန်ဆောင်မှုအုပ်စု KPMG ၏ ဖော်ပြချက်အရသိရသည်။
KPMG ၏ လေ့လာမှုစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် မန်ယူသည် ရီးရဲလ်နှင့် ဘာစီလိုနာတို့ ကို ကျော်ဖြတ်၍ ထိပ်ဆုံး၌ရှိနေသည်။ ၂၀၁၅-၁၆ နှင့် ၂၀၁၆- ၁၇ ဘောလုံးရာသီကို အခြေခံထားသော ယင်းလေ့လာမှုက အသင်းများ၏ အမြတ်ထွက်မှု၊ ရုပ်သံ ထုတ်လွှင့်ခွင့်များ လူကြိုက်များမှု၊ အားကစားအလားအလာနှင့် ဘောလုံးကွင်း တန်ဖိုးတို့ကို လေ့လာ ထားခြင်းဖြစ်သည်။

လုပ်ပွဲဖန်တီးမှု တိုက်ဖျက်ရေး ဘောလုံးကလပ် ၃၅ ခုကို ယူကရိန်းရဲတပ်ဖွဲ့ စီးနင်း

ယူကရိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ဘောလုံးပွဲတွေမှာ နှစ်ဖက်အသင်းတွေ ညှိပြီးကစားတဲ့ လုပ်ပွဲဖန်တီးမှု တိုက်ဖျက်ရေး အကြီးစားစစ်ဆင်ရေးအနေနဲ့ ဘောလုံးကလပ်အသင်း ၃၅ သင်းကို မေလ ၂၂ ရက်က စီးနင်းခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးအသင်းတို့ လာမယ့် မေလ ၂၆ ရက်နေ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ မကစားခင် လေးရက်အလိုမှာ ခုလို စီးနင်းခဲ့တာဖြစ်ပြီး အနည်းဆုံး ဒိုင်လူကြီးတဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို စိန်ခေါ်သူ ထွက်ပေါ်လာ

One Championship က MMA ပြိုင်ပွဲကို လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာတော့ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ မှာ ထပ်မံကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ အဓိက တွဲဆိုင်းအဖြစ် အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံလုပွဲ ပါဝင်လာမှာ ဖြစ်ပြီး မူလက ထိုးသတ်ရမယ့် ပြိုင်ဖက် ဘရာဇီးနိုင်ငံသားမဟုတ်တော့ပဲ ဂျပန်နိုင်ငံသား ကမ်ဟာဆီဂါဝါလို့ ထုတ်ပြန်လိုက်ပါပြီ။

ကွန်တီကို ထုတ်ပယ်ပါက ပေါင် ၉ သန်း ပေးလျော်ရမယ့် ချဲလ်ဆီး

ချဲလ်ဆီးနည်းပြ ကွန်တီအနေနဲ့ အသင်းရဲ့ ထုတ်ပယ်ခြင်းကို ခံရဖို့ရှိနေတာကြောင့် အသင်းသစ်တစ်သင်းကို ရှာဖွေသွားဖို့ရှိနေပြီး ချဲလ်ဆီး အသင်းအနေနဲ့ ကွန်တီကို ထုတ်ပယ်ခဲ့ပါက လျော်ကြေးအဖြစ် ပေါင် ၉ သန်း ပေးချေသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ အီတလီ လူမျိုး နည်းပြအနေနဲ့ ချဲလ်ဆီးအသင်းကို တာဝန်ယူခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အက်ဖ်အေ ဖလားတို့ကို ရယူနိုင်ခဲ့ပေမယ့်လည်း ယခုနှစ်အကုန်မှာအသင်းက ထွက်ခွာချင်နေတာလည်း ဖြစ်ပါတယ်။