ကွန်တီကို ထုတ်ပယ်ပါက ပေါင် ၉ သန်း ပေးလျော်ရမယ့် ချဲလ်ဆီး

ချဲလ်ဆီးနည်းပြ ကွန်တီအနေနဲ့ အသင်းရဲ့ ထုတ်ပယ်ခြင်းကို ခံရဖို့ရှိနေတာကြောင့် အသင်းသစ်တစ်သင်းကို ရှာဖွေသွားဖို့ရှိနေပြီး ချဲလ်ဆီး အသင်းအနေနဲ့ ကွန်တီကို ထုတ်ပယ်ခဲ့ပါက လျော်ကြေးအဖြစ် ပေါင် ၉ သန်း ပေးချေသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ အီတလီ လူမျိုး နည်းပြအနေနဲ့ ချဲလ်ဆီးအသင်းကို တာဝန်ယူခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အက်ဖ်အေ ဖလားတို့ကို ရယူနိုင်ခဲ့ပေမယ့်လည်း ယခုနှစ်အကုန်မှာအသင်းက ထွက်ခွာချင်နေတာလည်း ဖြစ်ပါတယ်။

ကွန်တီအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ကစားသမားခေါ်ယူမှုတွေမှာလည်း ဆုံးဖြတ်ချက် ချနိုင်မယ်လို့ ပါဝင်ခဲ့တာလည်း ဖြစ်ပါ တယ်။

သို့ပေမယ့်လည်း လက်ရှိမှာတော့ ကွန်တီအနေနဲ့ ချဲလ်ဆီးအသင်းဖက်မှ ထုတ်ပယ်လိုက်ပြီလို့ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရရှိသေး ဘူးလို့လည်း သိရပါတယ်။

ကွန်တီအနေနဲ့ ယခုနှစ်ရာသီအကုန်မှာ အသင်းနဲ့လမ်းခွဲပြီး ၎င်းရဲ့ အီတလီလက်ရွေးစင်အသင်းကို တာဝန်ယူ ကိုင်တွယ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် လည်း မန်စီနီက လက်ဦးမှု ရယူခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ၎င်းကို ပီအက်စ်ဂျီ၊ ဘိုင်ယန်အသင်းတို့က မျက်စိကျနေတယ်လို့ သိရပြီး ကွန်တီကို လျော်ကြေးပေးပြီး ချဲလ်ဆီးက ထုတ်ပယ်မှာလား၊ ကွန်တီချဲလ်ဆီးမှာ ဆက်ရှိနေမလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source- Daily Mail