ပရိသတ်က ပေးတဲ့ ဆုတစ်ဆု ထပ်မံ ရရှိခဲ့ပြန်တဲ့ မိုဟာမက်ဆာလာ

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းမှ ပရိသတ်များ ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကို လီဗာပူးအသင်းရဲ့ တိုက်စစ် မှူး မိုဟာမက်ဆာလာက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုဆုကိုတော့ အွန်လိုင်း စနစ်နဲ့ မဲပေးရွေးချယ်စေခဲ့တာ ဖြစ်ပြီး ဆာလာက မဲအရေအတွက် ၈၉ ရာခိုင်နှုန်းအထိ အပြတ်အသတ် အသာစီးရ ယူနိုင်ခဲ့တာလို့လည်းသိရပါတယ်။

ဆာလာမှာ ယခုနှစ်အတွင်း အသင်းအတွက် လိဂ်သွင်းဂိုး ၃၂ ဂိုးအထိ သွင်းယူပေးထားနိုင်သူ ဖြစ်ပြီး ပြိုင်ပွဲစုံမှာတော့ ၄၄ ဂိုးအထိ သွင်းယူပေး ထားနိုင်သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လအလိုက် အကောင်းဆုံး ကစားသမားဆုကိုလည်း ယခုနှစ် ဘောလုံးရာသီအတွင်း ၄ ကြိမ်အထိ ရရှိထားသူလည်း ဖြစ်ပြီး PFA တစ် နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ အီဂျစ်အကောင်းဆုံး ကစားသမားဆုနဲ့ အခြား တစ်ကိုယ်တော် ဆုပေါင်းများစွာ ရရှိထားသူလည်း ဖြစ်ပါ တယ်။

ယခု ပေးအပ်တဲ့ဆုမှာတော့ ဆာလာအနေနဲ့ မန်ယူမှ ဒီဂီယာ၊မန်စီးတီးမှ ဒီဘရိုင်း၊စတားလင်း၊ချဲလ်ဆီးမှ ဟာဇက်၊စပါးမှ ကိန်းတို့ကို ကျော် ဖြတ် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်းနဲ့အတူ အောင်မြင်မှုတော့ ရယူနိုင်ခြင်းမရှိသေးပဲ ပထမဆုံးရာသီမှာပင်အသင်းနဲ့အတူ ပထမဆုံး ဆုဖလား အဖြစ် ချန် ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိထားနှင့်ပြီ ဖြစ်ပြီး ရီးရအသင်းနဲ့ မေလ ၂၇ ရက်နေ့မှာ ကစားရမှာပဲ ဖြစ်ပါတယ်။

ဆာလာအနေနဲ့ တစ်ဦးချင်းဆုတံဆိပ်တွေကို ယခုနှစ်ရာသီမှာ မရေတွက်နိုင်အောင် ရယူထားနိုင်သလို ဆုဖလား အောင်မြင်မှုအဖြစ်လည်း အသင်းနဲ့အတူ ရယူနိုင်အုံးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source: Duwun