မက်ဒရစ်အိုးပင်းတွင် အနိုင်ရခြင်းက ယုံကြည်မှုမြင့်တက်စေကြောင်း ဂျိုကိုဗစ် ပြောကြား

မက်ဒရစ်အိုးပင်း ပထမအဆင့်တွင် ဂျပန်တင်းနစ် ကစားသမား နီရှီကိုရီကို အနိုင် ရခဲ့ခြင်းက လက်ရည်ဆက်တိုက် ဆိုးရွားပြီးနောက် ယုံကြည်မှု ပြန် လည်ရရေး လုံးဝလိုအပ်နေသည့် အရာဖြစ်ကြောင်း ဆားဘီးယား တင်းနစ် အကျော်အမော် ဂျိုကိုဗစ် က ပြောသည်။

ကမ္ဘာ့အဆင့် (၁) တင်းနစ် ကစားသမားဟောင်း ဂျိုကိုဗစ် (၃၀)နှစ်သည် ဇန်နဝါရီက တံတောင်ခွဲစိတ်မှု ခံယူရပြီး နောက် ပြိုင်ပွဲငါးရပ်တွင် ကွာ တားဖိုင်နယ်အဆင့်သို့ပင် တက် ရောက်နိုင်ခြင်းမရှိခဲ့ပေ။

မာတီရော့စ်ယန်ကို ဒုတိယ အချီတွင် အလဲထိုးပြီး ဂိုလော့ဗ်ကင် ချန်ပီယံ ကာကွယ်

ကယ်လီဖိုးနီးယားရှိ စတက်ဖ်ဟက်စင်တာ၌ ယမန်နေ့က ယှဉ်ပြိုင်ခဲ့သော လက်ဝှေ့ပြိုင်ပွဲတွင် ကာဇက်စတန် နိုင်ငံသား ဂိုလော့ဗ်ကင်သည် ပြိုင်ဘက်မာတီရော့စ်ယန်ကို ဒုတိယအချီ တစ်မိနစ်နှင့် ၅၃ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရရှိကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို အကြိမ်(၂ဝ) မြောက်အဖြစ် ကာကွယ်နိုင်ခဲ့သည်။

ထိုပွဲမှာ ယခင်က ကာနာလက်စ်နှင့် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကာနာလက်စ်မှာ တားမြစ်ဆေး သုံးစွဲသဖြင့် ယှဉ်ပြိုင်ခွင့် မရခြင်းကြောင့် မာတီရော့စ်ယန်နှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ခြေစမ်းပွဲများ ယှဉ်ပြိုင်မည့် လိဒ်ယူနိုက်တက်အသင်း ရောက်ရှိ

Photo- MFF

 

မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်း၊ မြန်မာ့လက်ရွေးစင်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ မနေ့ညနေ ၅ နာရီခွဲလောက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။

AYA Bank Tour 2018 အဖြစ် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် အသင်းက ခြေစမ်းပွဲတွေ လာရောက်ကစားတာလည်း ဖြစ်ပါတယ်။

ဖာဂူဆန်နဲ့ပတ်သက်လို့ ဆရာဝန်တွေ သတိပေး

မန်ယူနည်းပြဟောင်း ဖာဂူဆန်ရဲ့ ကျန်းမာရေး ရေရှည်တည်ငြိမ်ဖို့အတွက် လာမယ့်သီတင်းပတ်တွေက အဆုံးအဖြတ်ပဲလို့ ဆရာဝန်တွေက ပြောလိုက်ပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ဖာဂူဆန်ဟာ ပြီးခဲ့တဲ့စနေနေ့က ဆဲလ်ဖို့ဒ်ရွိုင်ရယ်ဆေးရုံမှာ ဦးနှောက်ကို အရေးပေါ် ခွဲစိတ်ကုသခံထားရတာပါ။ သူ့အခြေအနေဟာ တည်ငြိမ်နေပြီဖြစ်ပေမယ့် လာမယ့် ၄၈နာရီအထိတော့ ဆက်လက် စောင့်ကြည့်ရဦးမယ်လို့လည်း ဆိုပါတယ်။

ဝန်ထမ်းပေါင်း ၅၀၀နဲ့ မန်စီးတီးအသင်း ဆုဖလားရမှုအောင်ပွဲခံ

မန်စီးတီးအသင်းဟာ ဟက်ဒါဖီးလ်နဲ့ ဂိုးမရှိ သရေကျပြီးတဲ့ပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို လက်ခံရယူခဲ့ပြီးနောက် တစ်သင်းလုံးအပြင် ကလပ်နဲ့သက်ဆိုင်တဲ့ဝန်ထမ်း ၅၀၀ ကိုပါဖိတ်ကြားပြီး အောင်ပွဲခံ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လူအရမ်းများလွန်းတဲ့အတွက် ဘားတွေ၊ စားသောက်ဆိုင်တွေမှာ ပြုလုပ်ခဲ့ခြင်း မရှိဘဲ မန်ချက်စတာမြို့က တမ်ပါရန့်စ်လမ်းမှာ ရှိတဲ့ စွန့်ပစ်ထားတဲ့ ဂိုဒေါင်အဟောင်းတစ်ခုမှာ ပါတီပွဲကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ပါဝင်သူ အရမ်းများလွန်းတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက အဲဒီလမ်းကို ပိတ်လိုက်ပြီး ယာဉ်ကြောမကျပ်အောင် လုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

မက်ဒရစ်အိုးပင်းပြိုင်ပွဲက နေနုတ်ထွက်ခဲ့တဲ့ ဆရီနာဝီလျံ

ကမ္ဘာ့နံပါတ်(၁)တင်းနစ်ချန်ပီယံဟောင်း ဆရီနာဝီလျံဟာ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် လာမယ့်တစ်ပတ်အတွင်း ယှဉ်ပြိုင်ကစားမယ့် မက်ဒရစ်အိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။

ဂရန်းစလန်းချန်ပီယံဆု (၂၃)ကြိမ်ရယူထားနိုင်တဲ့ ဆရီနာဝီလျံဟာ မတ်လတွင်းက မီယာမီအိုးပင်း ပြိုင်ပွဲမှာ နာအိုမီအော်စကာကို ပထမအဆင့်မှာရှုံးနိမ့်ခဲ့ပြီး ပွဲစဉ် (၄)ပွဲ ပါဝင် ကစားခဲ့ပါသေးတယ်။

မန်ယူနည်းပြဟောင်းဖာဂူဆန် ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူ

မန်ယူသမိုင်း၌ အအောင်မြင်ဆုံးနည်းပြအဖြစ် ရပ်တည်နေသော နည်းပြဟောင်း ဖာဂူဆန်သည် ဦးနှောက်သွေး ယိုစိမ့်မှု ကြောင့် မေလ ၅ ရက်က အရေးပေါ်ခွဲစိတ်မှု ခံယူခဲ့ရကြောင်း မန် ယူအသင်းကပြောသည်။

‘‘ခွဲစိတ်တာက တော်တော် လေး အဆင်ပြေချောမွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ပြီးသက်သာလာစေဖို့ အတွင်းလူနာ အဖြစ် အနီးကပ်စောင့်ကြပ် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အများကိုမပြောဖို့ သူ့ရဲ့မိသားစုက မေတ္တာရပ်ခံထားပါတယ်’’ ဟု မန်ယူအသင်းက ပြောသည်။

အာရှရိုးရာ နဂါးလှေ ချန်ပီယံရှစ် ပြိုင်ပွဲ မီတာ ၂ဝဝ ပွဲစဉ် တွင် မြန်မာ လှေလှော် အသင်း ဗိုလ်စွဲ

တရုတ် (တိုင်ပေ) ၌ ကျင်းပလျက်ရှိသော၂ဝ၁၈ အာရှရိုးရာ နဂါးလှေ ချန်ပီယံရှစ် ပြိုင်ပွဲ၏ အိုးပင်းပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး အရော မီတာ ၂ဝဝ ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် ရိုးရာလှေလှော်အသင်းသည် ပထမ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ဥရောပအဆင့်ကထွက်လိုက်ရပြီး အာဆင်နယ်ကို နှုတ်ဆက်ရတော့မှာဖြစ်လို့ အရမ်းဝမ်းနည်းမိတယ်လို့ ၀င်းဂါးပြော

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက သူ့ရဲ့ အာဆင်နယ်နည်းပြဘ၀မှာ ဥရောပအဆင့်ဆုဖလားမရဘဲ လမ်းခွဲရတော့မယ့်အပေါ် အရမ်းကိုဝမ်းနည်းစိတ်ပျက်ရတယ်လို့ ပြောလိုက်ပါတယ်။

အာဆင်နယ်ဟာမနေ့ညက အက်သလက်တီကိုအသင်းကို ၁-၀ နဲ့ရှုံးပြီး ယူရိုပါလိဂ်ဆီမီးကနေ ထွက်လိုက်ရလို့ ၀င်းဂါးဟာ အာဆင်နယ်နည်းပြဘ၀ကို ဥရောပဖလားမရဘဲ အဆုံးသတ် ရတော့မှာဖြစ်ပါတယ်။

ဒီပွဲအပြါ်မှာ ၀င်းဂါးက”‘ဒီလိုထွက်ရမှုနဲ့ လမ်းခွဲရတော့မှာဖြစ်လို့ အရမ်း၊အရမ်းကို ၀မ်းနည်းရလို အရမ်းလည်း စိတ်ပျက်ရပါတယ်။

လိုင်စင်မရလို့ လက်ဝှေ့ထိုးသတ်ဖို့အစီအစဉ်ကို ဖာဒီနန် စွန့်လွှတ်

မန်ယူအသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်ဟာ လက်ဝှေ့ထိုးသတ်ခွင့် လိုင်စင်မရတဲ့အတွက် ဒီအားကစားနည်းမှာ ပရော်ဖက်ရှင်နယ်အဖြစ် ထိုးသတ်ရေးစီစဉ်ထားမှုကို စွန့်လွှတ်လိုက်တယ်လို့ သိရပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဖာဒီနန်ဟာ ဘောလုံးကစာခြင်းကနေ အနားယူပြီးနောက် လက်ဝှေ့ထိုးဖို့အတွက် ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကတည်း ကလေ့ကျင့်မှုတွေ ပြုလုပ်ပြီးတစ်ပတ်ကို ၄ကြိမ်ကနေ ၅ ကြိမ်အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။