ဖရန့်ဖတ်ရဲ့အောင်ပွဲခံအခမ်းအနားမှာ ပရိသတ်သိန်းချီ ပါဝင်

ဖရန့်ဖတ်အသင်းရဲ့ ပိုကယ်ဖလားအောင်မြင်မှုနဲ့အတူ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးမြို့တော် လမ်းတွေမှာ ပရိသတ်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။

စနေနေ့က ဘာလင်မြို့မှာ ကစားခဲ့တဲ့ ပိုကယ်ဖလားဗိုလ်လုပွဲမှာ ဖရန့်ဖတ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကို (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ၁၉၈၇-၈၈ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပိုကယ် ဖလားကို ပြန်လည်ဆွတ်ခူး နိုင်ခဲ့ပါတယ်။

အသင်းရဲ့သမိုင်းဝင်အောင်မြင်မှုအတွက် ပျော်မဆုံးဖြစ်နေတဲ့ ဖရန့်ဖတ်ပရိသတ်တွေဟာ အသင်းသားတွေနဲ့အတူ မြို့တော်ခန်းမရှေ့မှာ ခုန်ပေါက်အောင်ပွဲခံခဲ့ကြပါတယ်။

အင်နီယေစတာကို ကြီးကျယ်ခမ်းနားစွာနဲ့ ဘာစီလိုနာ နှုတ်ဆက်

ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူအင်နီယေစတာကို နောက်ဆုံးအနေနဲ့ ကြီးကျယ်ခမ်းနားစွာ နှုတ်ဆက်ခဲ့ ပါတယ်။ ဆိုစီဒက်နဲ့ပွဲမတိုင်ခင်မှာ ကွင်းထဲဝင်လာတဲ့သူ့ကို Guard of Honour နဲ့ကြိုဆိုခဲ့တဲ့အပြင် ပွဲအပြီးမှာ လည်း အသင်းဖော်တွေရဲ့ နှုတ်ဆက်မှုကို ရခဲ့ပါသေးတယ်။

နူးကမ်းကွင်းကြီးထဲမှာ လာလီဆုဖလားနဲ့ အောင်ပွဲခံမှုအပြင် အင်နီယေစတာကိုပါ နှုတ်ဆက်ခဲ့တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ ၈၂ မိနစ်မှာသူလူစားလဲခံရတော့ ကွင်းထဲကထွက်ရာမှာ မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့တာကိုလည်း တွေ့ကြရပါတယ်။

ချန်ပီယံကာကွယ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသားလီအန်ဒရိုနှင့်ယှဉ်ပြိုင်ရမည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း အောင်လအန်ဆန်ဆို

အပြင်းအထန်လေ့ကျင့်နေသည့် အောင်လအန်ဆန် (ဓာတ်ပုံ − Aung La Nsang(Burmese Python))

MMA (One Champ-ionship) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲတွင် ဘရာဇီးနိုင်ငံ သား လီအန်ဒရိုနှင့် ယှဉ်ပြိုင်ထိုး သတ်ရမည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း လက်ရှိ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် က ပြောသည်။

မြန်မာ-ထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မော်လမြိုင်မြို့တွင် ကျင်းပမည်

မြန်မာ့ရိုးရာလက်ဝှေ့ကျော်များနှင့် ထိုင်းမွေထိုင်းချန်ပီယံများ ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို မော်လမြိုင်မြို့တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး၍ Lethwei Nation နှင့် H&S Group တို့ ပူးပေါင်းစီစဉ်သည့် Lethwei Nation Fight 4 စိန်ခေါ်ပွဲကို မေလ ၂၇ ရက်တွင် မော်လမြိုင်မြို့ရှိ ပြည်နယ်အားကစားရုံ၌ ကျင်းပမည် ဖြစ်သည်။

သောကြာနေ့ နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

– မန်စီးတီး နဲ့ လီဗာပူးလ် အသင်းတို့ဟာ ဘတ်ဖွန်ကို အရခေါ်ယူဖို့ The Sun ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် (၄၀) အရွယ်ရှိ ၀ါရင့်ဂိုးသမား ကြီးဟာ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပေမယ့် ကစားသမားဘ၀ အနားယူမှာ မဟုတ်သေးဘူးလို့လည်း သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အသင်းနှစ်သင်းဟာ ဘတ်ဖွန်ကို အရခေါ်ယူနိုင်ဖို့ အသီးသီးမျှော်လင့် နေတယ်လို့လည်း သိရပါတယ်။

၂၀၂၁ အထိစာချုပ်သစ်ကို ဂွာဒီယိုလာလက်မှတ်ထိုး

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာအသင်းနဲ့ ၂ နှစ် စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်လို့ ၂၀၂၁ အထိ ဆက်ရှိနေတော့မယ်လို့ သိရပါတယ်။

၂၀၁၆ နွေရာသီကမန်စီးတီးကို ၃ နှစ်စာချုပ်နဲ့ ရောက်လာတဲ့ ဂွာဒီယိုလာဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

မန်စီးတီးလက်ထောက်နည်းပြ အာတီတာ အာဆင်နယ်ကိုကိုင်တွယ်ရန် အရည်အချင်းပြည့်ဝဟု ဝင်းဂါးပြော

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာ၏ လက်ထောက် နည်းပြ မိုက်ကယ်အာတီတာ သည် အာဆင်နယ်တွင် မိမိ၏ နေရာကို ဆက်ခံရန် လိုအပ်သော အရည်အချင်းများရှိကြောင်း အာဆင်နယ်မှ ထွက်ခွာတော့မည့် အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်နှင့်စပိန်ကွင်း လယ်လူဟောင်း အာတီတာ (၃၆) နှစ်သည် အာဆင်နယ်က ဝင်းဂါးနေရာတွင် အစားထိုးရန် ရည်ရွယ်ထားသူများအနက် ထိပ်ဆုံး၌ ဦးဆောင်နေပြီး ၎င်းကိုခန့်အပ်ရန် ဆွေးနွေးနေစဉ် ဂွာဒီ ယိုလာက အာတီတာကို ထွက်ခွာလိုက ထွက်ခွာခွင့်ပြုမည်ဟု ပြောကြားထားသည်။

ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် ၁၀ ပွဲကျော်ကို အခမဲ့ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည်

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရုပ်သံလွှင့်ခြင်းနှင့်ပတ်သက်၍ စကိုင်းနက်က ရှင်းလင်းပွဲအခမ်းအနားကျင်းပနေစဉ်

ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၀ ပွဲကျော်ကို အခမဲ့ရုပ်သံလိုင်းမှ တိုက်ရိုက် ပြသမည်ဖြစ်သည်။

Sky Net ရုပ်သံလိုင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် တရားဝင်ပြသခွင့် ရရှိထားပြီး ဖွင့်ပွဲ၊ ပိတ်ပွဲအပါအ၀င်ပွဲစဉ် ၆၄ ပွဲကို Sky Net Sports 1, Sports 6  နှင့် Sports HD ရုပ်သံလိုင်းတို့၌ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ပါက လီဗာပူး ကစားသမားတိုင်း ယူရိုနှစ်သိန်း ဆုကြေးရမည်

မေလ ၂၆ ရက်တွင် ယူကရိန်းနိုင်ငံ ကိဗ်မြို့၌ ၂ နှစ်ဆက်ချန်ပီယံ ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် ဗိုလ်လု ပွဲတွင် လီဗာပူးအနိုင်ရပါက အသင်းသားတစ်ဦးလျှင် ဆုကြေးယူရိုနှစ်သိန်းစီ ရရှိမည်ဖြစ်သည်။

ရီးရဲလ်သည် ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက်တိုက်ရယူနိုင်မည်ဟု မျှော်လင့်ကြောင်း ရီးရဲလ်အသင်း ခေါင်းဆောင် ရာမို့စ် က ပြောသည်။