မန်စီးတီးလက်ထောက်နည်းပြ အာတီတာ အာဆင်နယ်ကိုကိုင်တွယ်ရန် အရည်အချင်းပြည့်ဝဟု ဝင်းဂါးပြော

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာ၏ လက်ထောက် နည်းပြ မိုက်ကယ်အာတီတာ သည် အာဆင်နယ်တွင် မိမိ၏ နေရာကို ဆက်ခံရန် လိုအပ်သော အရည်အချင်းများရှိကြောင်း အာဆင်နယ်မှ ထွက်ခွာတော့မည့် အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်နှင့်စပိန်ကွင်း လယ်လူဟောင်း အာတီတာ (၃၆) နှစ်သည် အာဆင်နယ်က ဝင်းဂါးနေရာတွင် အစားထိုးရန် ရည်ရွယ်ထားသူများအနက် ထိပ်ဆုံး၌ ဦးဆောင်နေပြီး ၎င်းကိုခန့်အပ်ရန် ဆွေးနွေးနေစဉ် ဂွာဒီ ယိုလာက အာတီတာကို ထွက်ခွာလိုက ထွက်ခွာခွင့်ပြုမည်ဟု ပြောကြားထားသည်။

အာဆင်နယ်ကို (၂၂) နှစ် ကြာကိုင်တွယ်ခဲ့ပြီး ထွက်ခွာတော့မည့် ဝင်းဂါးက အာဆင်နယ်အသင်း ခေါင်းဆောင်ဟောင်း အာတီတာသည် အာဆင်နယ်ကို ကိုင်တွယ်ရန်လိုအပ်သော အရည်အချင်း အားလုံးရှိသူ ဖြစ်ပြီး ယင်းနေရာအတွက် ရေပန်းအစားဆုံးလူများအနက် တစ်ဦးဖြစ်သည်ဟုထင်ကြောင်း ဝင်းဂါးက ပြောသည်။

အာဆင်နယ်သည် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ၂ နှစ်ဆက်လွဲချော်ခဲ့ပြီး ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှ  ထွက်ခဲ့ရသည်။

‘‘သူဟာအသင်းအကြောင်း ကောင်းကောင်း သိထားသူပါ။ သူဟာ အသင်းမှာအရေးကြီးတဲ့ ဟာကို သိပါတယ်။ သူဟာအသင်းခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဘာလို့အာဆင်နယ်ကို သူမကိုင်တွယ်နိုင်ရမှာလဲ’’ ဟု အာစင်ဝင်းဂါးက ပြောသည်။

သို့သော် ဝင်းဂါးက အာဆင်နယ်အသင်းဘုတ်အဖွဲ့၏ နည်းပြ သစ်ရွေးချယ်မှုအပေါ် ပါဝင်ပတ်သက်မည်မဟုတ်ဟု ပြောသည်။

အာတီတာအတွက် ကစားသမားသစ်ခေါ်ယူရေး လာမည့်နွေရာသီတွင် ပေါင်သန်း ၅၀ အသုံးပြုခွင့်နှင့်အတူ ၎င်းကိုခန့်အပ်ရန် အာဆင်နယ်က ဆွေးနွေးနေသည်ဟု သတင်းရင်းမြစ်များ က ပြောသည်။

၂၀၁၁ နှင့် ၂၀၁၆ ကြား အာဆင်နယ်တွင် ကစားခဲ့သော အာတီတာသည် ၂၀၁၄ က အသင်းခေါင်းဆောင် ဖြစ်လာခဲသည်။ အာဆင်နယ်က လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နည်းပြတစ်ဦး ခန့်အပ်လိုနေသည်။

—Ref:BBC/Sky